Define Gawdai

Zwe Pyae

Total Gawdai: 4

လုံးသည်

တစ်စုံတစ်ယောက်ကို အကျိုးအမြတ်ရစေရန် သို့ လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်စေရန် လိုက်လံ ရောနှောသည့်အခါသုံးသည်။

၁။ ဟေ့ရောင် ဟိုစော်ချောတယ်ကွ။ မင်းသွားလုံးလိုက်ပါလား၊ မင်းလဲကြိုက်နေတာပဲဥစ္စာ။ ၂။ မင်းကတော့ ပိုက်ဆံရမယ့်အလုပ်ဆို တွေ့ကရာလူဝင်လုံးတော့တာပဲ။
7 years ago
{{slangs[467].share_count}}

ခင်သန္တာ

အရှေ့တွင်သူများမကောင်းကြောင်းပြောနေတုန်း အနောက်တွင်ပြောခံရသူရှိနေသောအခါသုံးသည်

ခင်သန္တာ ဖြစ်မယ် သတိထား (များသောအားဖြင့် မိန်းခလေးများနှင့် အခြောက်များသာသုံးသည်) အနုပညာအသိုင်းအဝိုင်းတွင် အသုံးပြုတာများသည်။
7 years ago
{{slangs[466].share_count}}

မြွေကိုက်

ဒုက္ခရောက်ချိန် အကျပ်အတည်းဖြစ်ချိန်တွင်သုံးသည်

ငါတော့ ဒီနေ့မြွေကိုက်ပြီဟေ့ ပြသနာကတစ်ခုပြီးတစ်ခုပဲ
7 years ago
{{slangs[465].share_count}}

ကြောင်ချီး

အနံ့အသက်ဆိုးရွားသောအခါ နှင့် ပေပွနေသောအခါသုံးသည်။

ဒီကောင်ရေမချိုးတာ ဘယ်လောက်ရှိပဲလဲမသိဘူး၊ ကြောင်ချီးရုပ်နဲ့ ပုံကိုမလာဘူး။
7 years ago
{{slangs[458].share_count}}