Define Gawdai

User Avatar

GM

Total Gawdai: 0

နတ်အိုးကွဲ

နတ်စင်တွင်အသုံးပြုထားသော အိုးကွဲသွားသောအခါ ပဲလှော်ရန်လဲ အိုးကကွဲနေသဖြင့် လှော်မရ၊ အီး ကော်ရန်လဲ နတ်စင်က အိုးဖြစ်၍ ငရဲကြီးမှာစိုးရ၊ ထိုသို့ ဘာမှသုံးစား၍မရသော အခါအသုံးပြုသည်။

အဲ့ကောင် နတ်အိုးကွဲပါကွာ။
7 years ago
{{slangs[674].share_count}}

သံတိုင်ကွေး

ခန္ဓာကိုယ် ကောက်ကြောင်း၊ အသွင်အပြင်ကို ရှိရင်းစွဲထက် ပိုမိုသိသာစွာထွက်လာအောင် ပြင်ဆင်ထားကြောင်းကို ဆိုလိုသည်။

ဟိုဆော်ကြီးကတော့ သံတိုင်ကွေးကြီးဟ၊ အပြင်မှာ မြင်ရတော့မှ လူကမုန့်ဟင်းခါးဖတ်လောက်ပဲရှိတယ်။ သံတိုင်ကွေးရုံမက ကောင်းကင်ကြီးပါ လု ခြေထောက်အောက်ရောက်နေပစေ၊ မေတ္တာမလျော့ပါဘူးကွယ်။
7 years ago
{{slangs[668].share_count}}

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
7 years ago
{{slangs[469].share_count}}

ဉာဏ်ပေတုံး

ဒူသူ၊ ထုံထိုင်းသည့်လူ။ အသည့်သူ။ သဘောပေါက်မလွယ်သူ။

ဒီကောင် ဉာဏ်ပေတုံးကွာ။ ငါဆယ်ခါမက ရှင်းပြပြီးပြီ။
8 years ago
{{slangs[307].share_count}}

အထူအပါး

အခြအနေ၊ အဖြစ်အပျက်တို့ကို နှိုင်းယှဉ်ဖေါ်ပြသည့်အခါတွင်သုံးသည်။

ဒီဘဲလေး အထူအပါးနားမလည်ဘူး။ ခုံဖိနပ်တစ်ဖက်၊ မြမာလာတစ်ဖက် စီးခိုင်းရမယ်။
8 years ago
{{slangs[258].share_count}}