Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

ပေါ်ပေါ်

ကား၊ မော်တော်ယဉ်။

ကြာသလားလို့ သားကြီးရာ .. ပေါ်ပေါ်လည်း အားနေတာနဲ့အတော်ပဲ၊ ဒိုးကြတာပေါ့။
7 years ago
{{slangs[713].share_count}}

တစ်လက်နှစ်လက်တော့သည်းခံ

ရှုပ်ပွေသည့် သူတစ်ယောက်ယောက်ကို သူငယ်ချင်းတစ်ယောက်က အကြောင်းမသိသွားကြိုက်သည့်အခါ သတိပေးသည့်အနေဖြင့် အသုံးပြုသည်။

အဲ့ဒီ့တစ်ယောက်လား .. တစ်လက် နှစ်လက်လောက်တော့ သည်းခံရမယ်နော် ဟေ့ရောင်
7 years ago
{{slangs[712].share_count}}

ဖွာဖွာ

ဆေးလိပ်သောက်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ဆေးလိပ်ဖွာသည်မှ ဆင်းသက်လာသည်။ ဆေးလိပ်ကို တင်စားသည့်အခါတွင်လည်း အသုံးပြုသည်။

ဖွာဖွာလေး သွားဆွဲရအောင်။ ဖွာဖွာချိန်ရောက်ပြီ၊ ဖွာဖွာသွားဆွဲမယ်။
7 years ago
{{slangs[711].share_count}}

နှဲကပ်

ပူညံ ပူညံလုပ်သည်။ နားငြီးသည်။ အဆူခံရသည်။ (နှဲမှာရှိတဲ့ လျှာခင်လေးကပ်နေရင် အလွန်ဆိုးသောအသံထွက်သည်)

သားကြီး အလုပ်ကို သေချာလုပ်၊ မဟုတ်ရင် ဆရာသမားက နှဲကပ်လိမ့်မယ်။
7 years ago
{{slangs[709].share_count}}

ဂါလန်

သိန်းရာဂဏန်းကို တင်စား၍ အသုံးပြုခြင်းဖြစ်သည်။ ၁ ဂါလန် = သိန်း ၁၀၀

ဒီကားစုတ်ကို ၃ဂါလံ အော်တယ်ကွာ။ မှတ်တောင်ထားရဦးမယ်။
7 years ago
{{slangs[708].share_count}}