Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

ရေမီးအစုံ

၁။ အားလုံး အပြည့်အစုံ။ လိုလေးသေး မရှိ။

သားကြီး .. ဒီမှာ မင်းကြိုက်တာတွေကြီး .. ရေမီးအစုံ လေထီးခုန်ယုံပဲ။
7 years ago
{{slangs[696].share_count}}

ဖီးလ်ငုပ်

အင်္ဂလိပ်စကား Feel ကိုယူထားပြီး မနှစ်မြို့ဖွယ် အနေအထားနှင့် အပြုအမူ များတွင် သုံးသည်။

ဒီနေ့တက်ရတဲ့ အတန်းက ရေရေလည်လည် ဖီးလ်ငုပ်တယ်ကွာ
7 years ago
{{slangs[312].share_count}}

ဝဲစွဲ

အခြေအနေဆိုးဆိုး၊ အဆင်မပြေ အနေအထား ဖြစ်ကြောင်းဖော်ပြရာတွင်သုံးသည်။

သားကြီး ဆိုင်ကယ်ဖြည်းဖြည်းမောင်းဟ....နှစ်ယောက်လုံး ဝဲစွဲ ကုန်မယ်
7 years ago
{{slangs[311].share_count}}

ဖွီးကြား

အဖွားကြီး များအား လူမသိအောင် ခေါ်ဆိုသည့် ဘန်းစကား။

ဟေ့ရောင်...ရှေ့က ဖွီးကြားက အလန်းကြီးပါလား......
7 years ago
{{slangs[309].share_count}}

ဉာဏ်ပေတုံး

ဒူသူ၊ ထုံထိုင်းသည့်လူ။ အသည့်သူ။ သဘောပေါက်မလွယ်သူ။

ဒီကောင် ဉာဏ်ပေတုံးကွာ။ ငါဆယ်ခါမက ရှင်းပြပြီးပြီ။
7 years ago
{{slangs[307].share_count}}