Define Gawdai

User Avatar

Overlord

Total Gawdai: 5

ပါဝါရိမ်းဂျား

အန္တရယ်ကို မမြင် ထည့်မတွက်ဘဲ နဲ့ဇွတ်လုပ်တဲ့လူ မိုက်ရူးရဲဆန်သောသူ

အဲ့ကောင်ပေါ့ ဟိုဘက်ရက်ကွက်ထဲ ထိသွားပြီး ပါဝါရိမ်းဂျားသွားလုပ်တာ ဝိုင်းကျွေးလိုက်ကြတာ မသာ မပေါ်တာတောင်ကံကောင်း
8 years ago
{{slangs[279].share_count}}

အာပေတူး

အပေအတေ၊ အခြေအနေမရှိသူ၊ ဖြစ်သလိုနေထိုင်သူ။

မင်းကလပ်မှာတွေ့တဲ့စော်ကြီး က အာပေတူးပါကွာ။ ရွဲနေပြီ။
8 years ago
{{slangs[278].share_count}}

စိန်ချဲ့

ကိစ္စသေးသေးလေး ကို အကြီးအကျယ် စိန်စီ၍ချဲ့သည်။ ပြဿနာ (သို့) ကိစ္စတစ်ခုခုကို မပြီးနိုင်မစီးနိုင် စိမ်ပြေနပြေ ချဲ့ကားသည်။ မိမိမှာရှိသည့်ပစ္စည်းထက် မြောက်များစွာ ချဲ့ကား၍ ပြောသည်။

အဲ့ကောင်နဲ့ သွားမရှုပ်နဲ့သူက စိန်ချဲ့ရယ်။ ငယ်တဲ့ကိစ္စ ကြီးပြီး ကြီးတဲ့ကိစ္စ ကုလသမဂ္ဂရောက်သွားမယ်။
8 years ago
{{slangs[276].share_count}}

အိယောင်ဝါး

အလုပ်တစ်ခုကို ပြီးမြောက်အောင်မလုပ်ပဲ ဟိုဟာလုပ်မလို ဒီဟာလုပ်မလိုဖြင့် ဟိုယောင်ဒီယောင် လုပ်နေသောသူ။

မင်းကွာ ဒါလေးခိုင်းတာကို အိယောင်ဝါးလုပ်နေတယ်။
8 years ago
{{slangs[277].share_count}}

စိတ်အဲ

စိတ်ရှုပ်သည် စိတ်လေသည်မှဆင်းသက်သည် air= အဲ

ဒီနေ့ စာမွဲ မေးခွန်းတွေ က စွန်းခက်တယ် စိတ်ကို အဲသွားတာပဲ
8 years ago
{{slangs[275].share_count}}