Define Gawdai

User Avatar

m.d

Total Gawdai: 7

အူရိုင်း

မယဉ်သေးသော အရိုင်း။ အငန့်။ အကင်း။ အသစ်။ နယ်ပယ်သစ်ခုတွင် အခုမှ အခြချသောသူ။ အရက်ဝိုင်းတွင် အသုံးများသည်။

၁။ သားကြီး သောက်တာလည်း ကြည့်ကျက်ပြီးသောက် ၊ မင်းက အူရိုင်း၊ ပြီးရင် ဆန်ပြုတ်တွေဝေမယ်။ ၂။ အူရိုင်းလေးဆိုပြီး အကဲသွားသွား မစမ်းစမ်းပါနဲ့ကွာ။
7 years ago
{{slangs[704].share_count}}

နိုင်ငံတော်ကား

ကင်မရာကောင်းကောင်းဖြင့် ရိုက်ကူး၍ ဆိုရှယ်မီဒီယာပေါ်တွင် လွှင့်တင်သာ ချစ်သူစုံတွဲပုံ (သို့) သူတို့၏အချစ်ကို ဖော်ကျူးသောပုံ။

အာဏာရှင်စနစ်ကျင့်သုံးမှာ သေချာမှ နိုင်ငံတော်ကား ရိုက်နော်။ နိုင်ငံတော်ကားပေါက်ပြီးမှ နောက်တစ်ယောက်ပြောင်းချင်ရင် နားကားနေမယ်။
7 years ago
{{slangs[703].share_count}}

နတ်အိုးကွဲ

နတ်စင်တွင်အသုံးပြုထားသော အိုးကွဲသွားသောအခါ ပဲလှော်ရန်လဲ အိုးကကွဲနေသဖြင့် လှော်မရ၊ အီး ကော်ရန်လဲ နတ်စင်က အိုးဖြစ်၍ ငရဲကြီးမှာစိုးရ၊ ထိုသို့ ဘာမှသုံးစား၍မရသော အခါအသုံးပြုသည်။

အဲ့ကောင် နတ်အိုးကွဲပါကွာ။
7 years ago
{{slangs[674].share_count}}

J ဝင်

Jealous မှ လာသည်။ မနာလိုဖြစ်သည် ဟု ဆိုလိုသည်။

ထားလိုက်ပါကွာ။ သူ့ထက် follower များလို့ အဲ့ဘဲ J ဝင်နေတာ
8 years ago
{{slangs[242].share_count}}

လဘာဂျာ

ဘယ်နေရာတွင်မှ သုံးစားမရသော။

အဲ့ဘဲကလဘာဂျာပါကွာ။
8 years ago
{{slangs[209].share_count}}