Define Gawdai

User Avatar

m.d

Total Gawdai: 7

စမာကလာ

ကြည့်ကျတ်လုပ်လိုက်သည် အခြေအနေတစ်ခုမြန်မြန်ဖြေရှင်းသည်/ ကျော်သည်

ဒီပုစ္ဆာ ဘယ်လို တွက် ရတာလဲမသိဘူး အေးဆေး ပါ ကွာ စမာကလာ လုပ်လိုက်
8 years ago
{{slangs[191].share_count}}

ချိန်ပါ

ချိန်နေ၊ ကြိုက်နေသော ကောင်မလေး (သို့) ကောင်လေး တခြားသူအနောက် အမြဲပါပါသွားသည့်အခါတွင် သုံးသည်။ ပိုးဟပ် လို့လည်း သုံးကြသည်။

သားကြီး မင်းကြိုက်နေတဲ့စော် ဟိုကောင်နဲ့လစ်သွားပီ။ မင်းကတော့ ချိန်ပါကြီး ဖြစ်နေပါပြီကွာ။
8 years ago
{{slangs[190].share_count}}

ပွတ်သဘင်

ပါတီပွဲ ကိုဆိုလိုသည် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေး ရပြီးစ အချိန်များတွင်သုံးဆွဲခဲ့သည်။

ကိုသိန်းမောင်ရာ ညက ပွတ်သဘင် မှာတွေ့ခဲ့တဲ့ မဒီ လေးကတယ်နိပ်သဗျာ။
8 years ago
{{slangs[189].share_count}}

မွတ်

ရူးချင်လောက်အောင် စိတ်ရှုပ်သည်။

ကိုယ့်ဘာသာတိုင်ပါတ်နေတာကိုကွာ အဲ့ဘဲက ဘာတွေလာစားမှန်းမသိဘူးမွတ်နေတာပဲ။
8 years ago
{{slangs[188].share_count}}

နားကား

အခြေအနေဆိုးရွားခြင်း၊ အဆင်မပြေခြင်း၊ မရှုမလှအနေအထား

ဟိုကောင်ဆိုင်ကယ်ကို ရှေ့ဘီးထောင်စီးတာ နားကားသွားတယ်
8 years ago
{{slangs[187].share_count}}