Define Gawdai

User Avatar

John Ko

Total Gawdai: 4

မာလကီးယား

သေခြင်း ပျက်ခြင်း အပျက်အစီးသဘော

ဟိုဘက်လမ်းကကောင်တော့ ဆေးချပြီး မာလကီးယား ဖြစ်သွားပြီ
8 years ago
{{slangs[327].share_count}}

တုန်ချွမ်

အဆင်ပြေသလို၊ အမြန် စီစဉ်ဆောင်ရွက်သည်။ ပြီးပြီးရော လုပ်သည်။

မင်းတို့ကောင်တွေကလည်းကွာ.. သေချာလေး အလုပ်လုပ်စမ်းပါဦး။ တစ်ခါလာလည်း တုန်ချွမ်တွေချည်းပဲ။
8 years ago
{{slangs[324].share_count}}

ဂုန်းဆင်း

ကိုယ့်ဆီကတပြားသားမှထုတ်သုံးခြင်းမရှိပဲ ဘော်ဒါအပေါင်းအသင်းမိတ်ဆွေများဆီမှရရင်ရသလိုကပ်သုံးကပ်စားခြင်း

ဟေ့ရောင်တွေ ဝိတ်တာခေါ်ပြီး ကြိုရှင်းထားလိုက်တော့ဟေ့။ စားစရာရှိတာတွေလည်း ကုန်အောင်စားထားကြ။ ဟိုမှာ ဂုန်းဆင်းမယ့်ကောင် လာနေပြီ။
8 years ago
{{slangs[302].share_count}}

ကွီး

ကိုကြီးကို အမြန်ခေါ်ဆိုသည့်အသံ။ ကိုယ့်ထက်အသက်ကြီးသော ဘဲကြီးများကို ရင်းနှီးစွာခေါ်ဆိုခြင်း ။ ကျော်ညိုသွေးကိုယ်တိုင် အပျော်သဘော အသစ်ဖန်တီးပြီး Facebook တွင် စတင်သုံးစွဲရာမှ တဖြည်းဖြည်းပျံ့နှံ့သုံးစွဲလာကြသည်။

"ကွီး..နေကောင်းလား" "ကွီး နှုန်းထားလေး ကြွေပြီ ခေးရယ်.."
8 years ago
{{slangs[298].share_count}}

ဘဂဝါ

ဘုန်းကြီး

မနက် ဘဂဝါတွေ ကြွမှာမို့ ဆွမ်းချက်ရဦးမယ်။
8 years ago
{{slangs[285].share_count}}