တစ်ချို့သောနေရာမျိုးတွင် တစ်ခု (ပိုက်ဆံ၊ လက်ဆောင်) ပေးမှ တစ်ခုသေချာပေါက်ပြန်ရမည့်သဘောကို ရည်ညွှန်းခြင်းဖြစ်သည်။ KTV၊ မာဆတ်၊ စင်တင် တို့တွင်အသုံးများသည်။
စမ်းရေအေးရင် ပန်းတွေမွှေးမှာပေါ့ ဆရာရယ်။ အချင်ယောင် ဆောင်မနေပါနဲ့။
အူခြင်း အခြင်း ထုံထိုင်းခြင်း ဉာဏ်နိမ့်ခြင်း
သူငယ်ချင်းအချင်းချင်းပြောဆိုရာတွင် မိမိပြောတာသဘောမပေါက်သူအား ပိန်းတိန်းဟုခေါ်လေ့ရှိသည်။ "မင်းကွာ ဒါလေးတောင်မသိဘူး ပိန်းတိန်းနေတာပဲ"
အများအားဖြင့် အရက်သောက် ရန် ခေါ်သောအခါအသုံးများသည်။
သားရီး ဒီည ဆိုးမယ်လေ။ မင်းအခုတလော ငါတို့ကိုမခေါ်ပဲ ဆိုးနေတယ် ဆို။
တကယ်ပဲကို မိန်းမလျာများ အများဆုံး အသုံးပြုသည့် အသုံးအနှုန်း။ နီနီခင်ဇော်၏ ဂယ်ပဲ ဂယ်ပဲ သီချင်းတွင်လည်း အသုံးပြုထားသည်။
သူလေ နွဲ့တယ်။ သူလေ ချွဲတယ်။ သူလေ ကဲတယ်။ ဂဲပယ် ဂဲပယ်။ (နီနီခင်ဇော် - ဂယ်ပဲ ဂယ်ပဲ)
မျှော်လင့်ချက်ပေးပြီးရိုက်ချခံရခြင်းကို ရည်ညွှန်းသည်။
အပိုတွေပါကွာ။ ဟိုစော်က ခွေးဝမ်းသာအောင် လေလည်ပြလိုက်တာပါ။
ဇယားရှုပ်သည်။ ဇာတ်လမ်းရှုပ်သည်။ စာရင်းရှုပ်သည်။
ဒီကောင်နဲ့ သွားမပတ်သတ်နဲ့ အဲ့ကောင် ဘောက်ချာကောင်။
အလုပ်တစ်ခုကို လက်တွေ့မလုပ်ဘဲ လေဖြင့်အလုပ်လုပ်သူ
ဟိုကောင်ပြောတော့ စာကျက်တော့မယ်ဘာညာနဲ့ အာပလာပါကွာ ဒီကောင်