Define Gawdai

ရွှေရောင်း

အိမ်သာတက်ခြင်းကိုဆိုလိုသည်

ဗိုက်ကနာလာပြန်ပြီကွာ ရွှေသွားရောင်းဦးမယ်
8 years ago
{{slangs[612].share_count}}

ဆရာကျ

ကျွမ်းကျင်သည်။ ဆရာအဆင့်တွင်ရှိသည်။

ဆရာကျလွန်းပါတယ် သားကြီးရာ။
8 years ago
{{slangs[610].share_count}}

ဝီ့ ဝီ့

ရိုက်ဟန်ပြုပြီးမထိပဲ လက်ဖြစ်ရိုက်သည့်အသံကို ပါးစပ်မှထွက်ခြင်း

အခြင်းခြင်း စကားပြောရင်း နားငြီးလာလို့ ချစ်လွန်းလို့နာအုံနှစ်ချက်လောက်ထိုးမယ်(မထိပဲ) ဝီ့ ဝီ့
8 years ago
{{slangs[609].share_count}}

ဝမ်းသာပါတယ်

စိတ်ကအလိုမရှိပဲ အောင့်အီးသည်းခံပြီး ဟန်လုပ်ပြောဆိုရာတွင် တစ်ခါတစ်ရံသုံးသည်။

နင့်ဘဲအသစ်နဲ့ အဆင်ပြေတာကြားတဲ့အတွက် ငါဝမ်းသာပါတယ်။
8 years ago
{{slangs[608].share_count}}

ဂွဲ

ချစ်သူမိန်းကလေးကို ယောက်ျားလေး ဘော်ဒါတွေမှခေါ်ရာတွင် သုံးသောနာမ်စား

ဟာ ဟိုကောင်တွေ ငါတို့နဲ့ ကန်တင်းလာမထိုင်ပဲ ဂွဲသွားလုံးနေပြန်ပြီ
8 years ago
{{slangs[607].share_count}}

ဆိုဒ်ပိ

လိုအပ်တာထပ် အလွန်အမင်း ဆိုဒ်မကျကျအောင် ရှိုးထုတ်တတ်သည့် လူမျိုးကို ခေါ်ဆိုသည်။

သားကြီး ဒီနားဟိုနားသွားတာကို ဆိုဒ်ပိ လှချည်လား။
8 years ago
{{slangs[604].share_count}}

ပလစ်

ဂရုမစိုက်ပဲ လျစ်လျူရှုထားသည်။

ဒီကောင်တွေ ငါ့ကိုဝိုင်းပလစ်ထားကြတယ်။
8 years ago
{{slangs[603].share_count}}

မဆိုးပါဘူး

မိမိကိုယ်ကို နှစ်သိမ့်ခြင်း

အာကြီးရှုံးတယ်ကွာ ဒါပေမယ့် မဆိုးပါဘူး
8 years ago
{{slangs[601].share_count}}

ပြိုင်းသည်

အလွန်မောပန်း နွမ်းနယ်သည်။စစ်တပ်တွင် အသုံးများသည်။

ဒီနေ့ လေ့ကျင့်ခန်းကတော့ ပြိုင်း ထွက်နေတာပဲဟေ့။
8 years ago
{{slangs[599].share_count}}

ဆုတောင်း

မဖြစ်နိုင်သည်ကို ပြော(တောင်းဆို)သဖြင့် ပြန်လည်ချေပ သောစကား

စဉ်းစားလေ ဆုတောင်းပေါ့
8 years ago
{{slangs[598].share_count}}

Happenings


Donaldchuts
is in the house.
1 day ago
RonaldOvado
is in the house.
1 day ago
WilliamKeW
is in the house.
2 days ago
Nullsphini
is in the house.
3 days ago
Zzaufreyyy
is in the house.
3 days ago
RobertNoush
is in the house.
3 days ago
zosoyNub
is in the house.
3 days ago

View All