Define Gawdai

ဒေါင်

လက်ဖက်ရည်ဆိုင်။ ၁၉ ၉ ၅-၉ ၇ ဝန်းကျင်နှင့် အစောပိုင်း အခေါ်အဝေါ်။

ဟေ့ကောင် ဒေါင်သွားထိုင်မယ်၊ လိုက်မလား။ ထိုင်နေကြ ဒေါင်မှာရှိမယ်။
8 years ago
{{slangs[142].share_count}}

ဒိုင်လျှို

လူမသိအောင်လုပ်သည်။ တိတ်တဆိတ် လုပ်ဆောင်သည်။

အဲ့ဘဲက ဟိုစော်ကို ဒိုင်လျှိုလေး ကြောင်နေတာလေ
8 years ago
{{slangs[111].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
8 years ago
{{slangs[108].share_count}}

ဒေါင်းတောက်

အိပ်တန်းပြန်ရန် ဒေါင်းမကြီးမှ ဒေါင်းကလေးများကို တတောက်တောက် အသံပြုခြင်းဖြင့် ရှာဖွေသည်။

ရှာလိုက်ရတာ ဒေါင်းတောက်အောင်ပဲ
8 years ago
{{slangs[96].share_count}}

ဒိုက်

ခေတ်မမှီ ပုံတုံးသည်။ 

ဟဲ့ဟိုစော်က တကယ့်ဒိုက်ပဲ။ ပုံစံကိုက ဒိုက်ပုံနဲ့။
8 years ago
{{slangs[30].share_count}}

ဒိုင်ဗင်ပစ်

ဆိုင်ဆိုင်မဆိုင်ဆိုင် အကျိုးလိုချင်လို့ အတင်းဝင်ရောခြင်း။

သူများ လက်ဖက်ရည်ဆိုင်ထိုင်ရင် ဒီကောင် လာ ဒိုင်ဗင်ပစ် မှာသေချာတယ်။ ဘယ်တော့မှလဲ ငွေမရှင်းဘူး။
8 years ago
{{slangs[25].share_count}}

ဒွတ်

ရုပ်ဆိုးသည်။ ကျက်သရေတုံးသည်။

ဟာကွာ... စော်လေးကသူ့ရုပ်သူ့ရည်လေးနဲ့ တွဲသွားတဲ့ ဘဲကြီးက ဒွတ်ဒွတ်ကြီးကွာ
8 years ago
{{slangs[24].share_count}}

ဒိုင်ကွက်

ဒိုင်လျှိုကွက်။ အများမသိအောင် ဒိုင်လျှို ထားသောလုပ်ဆောင်ချက်။

ဟေ့ကောင်နေဦး။ လျှောက်မလုပ်နဲ့။ ပြီးမှ မင်းကိုငါ ဒိုင်ကွက်လေးတွေပြမယ်။
8 years ago
{{slangs[10].share_count}}

Happenings


HowardfeGaw
is in the house.
1 hour ago
Ggez
is in the house.
18 hours ago
utopil_krSt
is in the house.
1 day ago
КЛЕН-Intic
is in the house.
2 days ago
MonicaMak
is in the house.
2 days ago
utopil_hqSt
is in the house.
2 days ago
Anonymous upvoted “ထန်းသီး”
3 days ago

View All