Define Gawdai

User Avatar

Tint Oo

Total Gawdai: 16

ရောင့်တက်

အလိုက်ကမ်းဆိုးမသိ ဆိုးသွမ်းသည်။အထူးသဖြင့် အလိုလိုက်ထားသော အမေများနဲ့ ခပ်ဆိုးဆိုးကလေးငယ်များရဲ့ ဆက်ဆံရေးတွင် မကြာခဏတွေ့ရသည်။

နင် ငါ့လာပြီး ရောင့်တက်မနေနဲ့။ အိမ်မှာ အဲအရုပ်တွေ အများကြီးပဲကို။ မ၀ယ်ပေးနိုင်ဘူး။
8 years ago
{{slangs[292].share_count}}

ပစားပေး

မျက်နှာသာပေးသည်။အလိုလိုက်ထားသည်။

အဲကလေးက အိမ်က ပစားပေးထားတော့ ရောင့်တက်နေတာ။
8 years ago
{{slangs[291].share_count}}

ဂွဲလန်

မြစ်ရေစီးထဲတွင် ဖောင်သမားများ ဂွဲ(သစ်ချောင်း)ကို ကြိုးတုတ်ပြီး ဖောင်နားနေခိုက် ဂွဲက ရေစီးအရှိန်ကြောင့် လန်ကျသည်။ ၀ရုန်းသုန်းကားဖြစ်သည်။

ဒီကလေး ငိုတာတော့ တအိမ်လုံးကို ဂွဲလန်နေတာပဲ
8 years ago
{{slangs[109].share_count}}

လော့ဒ်

trollerများ အချင်းချင်း မဟုတ်တဲ့နေရာမှာ ဆရာတင်သည်။ လော့ဒ် (lord) ဘွဲ့ပေးသည်။

လော့ဒ်က လော့ဒ်ပါပဲ လော့ဒ်ရယ် :3
8 years ago
{{slangs[107].share_count}}

မမမြ

internet troller များ အများစု အသုံးပြုကြသည်။ epic ဖြစ်သော အရာများတွင် ပြောဆိုချီးမွမ်းသည်။

ဟ မင့်meme က မမမြပဲ
8 years ago
{{slangs[105].share_count}}