စကားပြောရာတွင် မြန်မြန်ဆန်ဆန် ပြောခြင်း ၊ စကားလုပြောခြင်း ၊ ချက်ခြင်းတုန့်ပြန်ပြောဆိုခြင်း
အဲ့ကောင်မလေး တော်တော် နုတ်သီးချွန်နေတယ် ကြည့်စမ်း
နှလုံသား ကို မပီမသခေါ်ဆိုသည့်အသံ။ အီစီကလီလုပ်ရင်းပြောသည့်အသံ။ (ကျော်ညိုသွေးကိုယ်တိုင်ဖန်တီးအသစ်ထွင်သည်။)
ကွီး ရဲ့ နှုန်းထားထဲမှာ ခေးတစ်ယောက်တည်းရှိတာပါ။
အလုပ်တစ်ခု (သို့) စကားတစ်ခွန်းကို ဆုံးအောင် မလုပ်ပဲ ၊ မပြောပဲနဲ့ ဟိုလိုလို ဒီလိုလိုနှင့် အချိန်ဖြုန်းနေခြင်း ။
မင်းကလဲ စောစောသွားမယ်လို့ပြောထားတာကို အရမ်းနယ်တယ်ကွာ အချိန်နီးနေပြီ။
အခြေအနေဆိုးရွားခြင်း၊ အဆင်မပြေခြင်း၊ မရှုမလှအနေအထား
ဟိုကောင်ဆိုင်ကယ်ကို ရှေ့ဘီးထောင်စီးတာ နားကားသွားတယ်
ကိုယ်ဆင်ထားသော ခွင်အတွင်း ၀င်လာစေရန် ဆောင်ရွက်မှု
ဘဲလေးကိုတော့ နှပ်ကြောင်းပေးထားလိုက်ပြီ ဖားလေးပျော်နေလောက်ပြီ သားကြီး
တစ်စုံတစ်ဦးက သွားချင်ရာသွားပြီး မိမိကို စောင့်ခိုင်းနေခြင်းဖြစ်သည်။ ငါးခြောက် ထမင်းကြမ်း အစရှိသည်တို့ကို နေလှန်း ထားသည့် သဘောနှင့် တူတူ ပင်ဖြစ်သည်။
သားကြီး မင်း ၄ နာရီ အရောက်လာခဲ့မယ်ဆို။ အခုပဲ ၆ နာရီထိုးတော့မယ်။ ရေလည် နေလှန်းတယ်ကွာ။
ချိန်းထားရင် အမြဲနောက်ကျပြီးမှ ရောက်တတ်သူ
ဒီကောင် ငါတို့ကို နေလှန်းတာ နာရီဝက်ကျော်သွားပြီကွာ