Define Gawdai

ပေါက်ပေါက်ဖောက်

စကားများသည်။ နားထောင်ချင် မထောင်ချင် မသိ စွတ်ပြောသည်။

အိမ်နားက ဘိုးတော် ပေါက်ပေါက်ဖောက်နေတာနဲ့ ဘောပွဲလွတ်သွားတယ်ကွာ။
8 years ago
{{slangs[186].share_count}}

ပေကန်း

တမူထူးခြားနေသော။လက်မခံနိုင်သော။

၁."သားကြီး..မင်းစော်ကြီးက ပေကန်းနေတာပဲကွာ" ၂. "ငါတို့ခရီးတစ်ခုခုထွက်ရအောင်" "ငါ့မှာပိုက်ဆံမရှိဘူးကွ" "မင်းကလည်းလာပေကန်းနေတယ်"
8 years ago
{{slangs[176].share_count}}

ပုံးဆွဲ/ပုံးရိုက်

ထမင်းစားသည်။

ပုံးဆွဲပြီး ဗုံးကြဲလိုက်ဦးမယ်။ အိမ်ပြန် ပုံးရိုက်ပြီးပြီ။
8 years ago
{{slangs[162].share_count}}

ပွား

မခံမရပ်နိုင်အောင် စကားများသည်။

မင်းစော်က မင်းကို တော်တော်ပွားတာပဲကွာ။
8 years ago
{{slangs[160].share_count}}

ပွဲခံ

အလွန် ပျော်ရွှင်သည်။ အလွန် မူးပြဲနေသည်။ သူများတွေထက် ပိုပျော်/ ပိုမူးသည့် အကြောင်း၊ သူများတွေထက် ပိုထူးခြားသွားသည့်အကြောင်းကို ဖော်ပြရ၌ သုံးသည်။

သားကြီး... မနေ့ညက ဟိုကောင့် မွေးနေ့မှာ မင်း တော်တော်ပွဲခံသွားတယ်နော် ...
8 years ago
{{slangs[129].share_count}}

ပလုတ်တုတ်ခေါက်

ဒုက္ခရောက်နေသည့် အချိန်အခါမျိုးတွင် ခေါင်းတွင်တွင်ရမ်းကာ မဟုတ်ဘူး မရဘူး မဖြစ်သေးဘူး စသည်ဖြင့် အဆက်မပြတ် ရေရွတ်ညည်းတွားနေရသော အခြေအနေမျိုးအတွက် ကိုယ်စားပြုကာ သုံးနှုန်းလေ့ရှိသည်။

အလုပ်ထဲမှာ အရှုပ်တွေမွှေပြီး ပလုတ်တုတ်ခေါက်နေတယ်။
8 years ago
{{slangs[120].share_count}}

ပိုက်ဘော

တဦးတယောက်နဲ့ကျူးလွန်ထားသော မိန်းကလေးကို လက်ထပ်လိုက်ရသောယောကျာ်းလေးကို ပြောဆိုရမှာသုံးသည်။

ဒီကောင်တော့ ပိုက်ဘောမိသွားပြီလေ
8 years ago
{{slangs[103].share_count}}

ပေရှည်

စကားပြောရာတွင် လိုရင်းမရောက်ဘဲ ေ၀့၀ိုက်နေသည်။

ပြောမဲ့ဟာ ပြောသာမဟုတ်ဘူး ပေရှည်နေသေး
8 years ago
{{slangs[97].share_count}}

ပုတ်စုတ်

ကြည့်မကောင်းဖြစ်နေသည်

မင်းရုပ်ကြီးက ပုပ်စုတ်နေတာပဲကွာ။ ဘာဖြစ်လာတာတုန်း
8 years ago
{{slangs[83].share_count}}

ပုတ်

မကောင်းသော အတိတ်နမိတ်များ သယ်လာသည်။ ကံဆိုးသည်၊ ညံ့သည် စသည်ဖြင့် ဝေဖန်ပြောဆိုရာတွင် သုံးသည်။

ဒီကောင်ဝင်လာတာ သောက်ရမ်းပုပ်တယ်ကွာ။ အဲဒီကောင် ဒီနေ့ တော်တော်ပုပ် တာပဲ။
8 years ago
{{slangs[72].share_count}}

Happenings


HowardfeGaw
is in the house.
1 hour ago
Ggez
is in the house.
19 hours ago
utopil_krSt
is in the house.
1 day ago
КЛЕН-Intic
is in the house.
2 days ago
MonicaMak
is in the house.
2 days ago
utopil_hqSt
is in the house.
2 days ago
Anonymous upvoted “ထန်းသီး”
3 days ago

View All