အမြင်မတူပဲ ဝင်ယောင်ပါက ထွက်သွားလို့ ပြောရာတွင်သုံးသည်။ English စကားလုံး Move မှမွေးစားထားခြင်းဖြစ်သည်။
သားရီး မင်းအဲ့အဆင့်လောက်နဲ့တက်မလာနဲ့ မုမု။
လူချမ်းသာ၊ သုံးနိုင်ဖြုန်းနိုင်သော ရေပေါ်ဆီလူတန်းစား။
သားကြီးတို့က မလိုင်တွေပါကွာ၊ သောက်တာတောင် ဘားမှာပဲသောက်တာ။
ဒုက္ခရောက်ချိန် အကျပ်အတည်းဖြစ်ချိန်တွင်သုံးသည်
ငါတော့ ဒီနေ့မြွေကိုက်ပြီဟေ့ ပြသနာကတစ်ခုပြီးတစ်ခုပဲ
မထင်မှတ်ထားသော၊ မဖြစ်ချင်သော ကိစ္စတစ်ခုခုဖြစ်သွားသည့် အခါတွင် ညည်းတွားသည့်အနေဖြင့်သုံးသည်။
မြွေပဲကွာ .. ဒီမိုး၊ ဒီရေ၊ ဒီမီး နဲ့တော့။
ဝင်ငွေမရှိ/ အလုပ်မရှိသောအခါ ထမင်းစားဖို့ငွေမရှိခြင်းကိုဆိုလိုသည်။
ငါအလုပ်မရှိရင် မန်မန်တွေတူတူပုန်းသွားလိမ့်မယ်
ထိုးကျိပ်ခံရသည့်အတွက် မျက်နှာပေါ်တွင် ညိုမဲစွဲ ကျန်ခဲ့သည့် ဒဏ်ရာကို တင်စားရာတွင် အသုံးပြုသည်။
မောင်မောင် မင်း မျက်နှာမှာ မှတ်ပုံတင်သွားတာ ဘယ်ကောင်လည်း။
တစ်ခုခုပြုလုပ်နေစဉ် ကိုယ်ထင်ထားသည့်အတိုင်း ဖြစ်မလာပဲ အဆိုးဘက်သို့ ရောက်သွားသည့်အချိန်မျိုးတွင်သုံးသည်။
ဖဲမကောင်းဘူးကွာ။ ဒီတခါတော့ ငါတစ်ကယ် မွတ်သွားပြီ။
ကုန်းဆင်းသည်။ အချောင်၀င်ကြိတ်သည်။ ပိုက်ဆံမပေးပဲ free ၀င်အုပ်သည်။ (တောင်ကြီး slang)
ဟေ့ရောင် မင်းဆေးလိပ် အိပ်ထဲထည့်ထားလိုက်။ ဟိုကောင်လာနေပြီ။ ဒီကောင်အမြဲ မှိုဆွဲဖို့ ချောင်းနေတာ။