Define Gawdai

မာလကီးယား

သေခြင်း ပျက်ခြင်း အပျက်အစီးသဘော

ဟိုဘက်လမ်းကကောင်တော့ ဆေးချပြီး မာလကီးယား ဖြစ်သွားပြီ
9 years ago
{{slangs[327].share_count}}

မောစိ

ဘောစိရောင်ရောင် ဘာရောင်နဲ့ ပုံပြောပြီးပျောက်ပျောက်တတ်သူ အလုပ်အပ်ပြီးရှင်းခံနီးမျှော်ရတာမောရတတ်သူ

မောစိ ဟုနာမ်စားသုံးသည်
9 years ago
{{slangs[301].share_count}}

မီတာထောက်

အခြေအနေကို တီးခေါက်ကြည့်သည်။

နေပါဦးငါအရင် မီတာထောက်ကြည့်ပါဦးမယ်။
9 years ago
{{slangs[207].share_count}}

မူလကီသွန်နီ

ကိစ္စ တစ်ခုခု ကို ဝေ့လည် ကြောင်ပတ် လုပ်သည်။ ဉာဏ်များသည်။ မူယာမာယာများသည်။ အန္ဒိယ စကား မူလကီ = ကြက် ကို အခြေ ခံပြီး သွန်နီ နှင့် ပေါင်း၍ ကြက်သွန်နီကိုဆိုလိုခြင်းလည်းဖြစ် သည်

ကြည့် ကြည့် ကိုနှင်းမောင် ရေ အဲ့ ကုလား မူလကီသွန်နီ လုပ် နေပြီ။
9 years ago
{{slangs[194].share_count}}

မွတ်

ရူးချင်လောက်အောင် စိတ်ရှုပ်သည်။

ကိုယ့်ဘာသာတိုင်ပါတ်နေတာကိုကွာ အဲ့ဘဲက ဘာတွေလာစားမှန်းမသိဘူးမွတ်နေတာပဲ။
9 years ago
{{slangs[188].share_count}}

မထော်မနန်း

ရုပ်ပျက်ဆင်းပျက် ။ ပုံပျက်ပန်းပျက်။

"ညကျ club သွားရင်မထော်မနန်းတွေဝတ်မလာနဲ့နော်"
9 years ago
{{slangs[177].share_count}}

မဏ္ဍပ်တိုင်တက်

အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြသည်။

နှမ်းစေ့လောက်လေး ကူညီပေးပြီး မဏ္ဍပ်တိုင်တက် ပြမနေနဲ့ :3
9 years ago
{{slangs[174].share_count}}

မော်စကို

ထောင်(jail)

မဟုတ်တာတော့ မလုပ်ပါရစေနဲ့ကွာ ... ကြွက်ဆွဲပြီး မော်စကို တော့မရောက်ချင်ဘူး ...
9 years ago
{{slangs[126].share_count}}

မြာ

မိန်းကလေး/ မိန်းမ။ ကိုလိုနီခေတ်နှောင်းပိုင်းနှင့် လွတ်လပ်ရေးရပြီးကာစကာလ ညကလပ်များ ရုပ်ရှင်ရုံများနှင့် ပါတီများတွင် တွေ့မြင်ရသော မိန်းကလေးများကို ခေါ်သည့် ကာလသား လက်သုံးစကား။

ဟေ့ ကိုသိန်းမောင်။ ဟိုမယ် ထိုင်ပြီး ဝီစကီသောက်နေတဲ့ မြာကလေးဟာ တယ်နိပ်ပါလားဗျ။
9 years ago
{{slangs[123].share_count}}

မမမြ

internet troller များ အများစု အသုံးပြုကြသည်။ epic ဖြစ်သော အရာများတွင် ပြောဆိုချီးမွမ်းသည်။

ဟ မင့်meme က မမမြပဲ
9 years ago
{{slangs[105].share_count}}

Happenings


Shauncic
is in the house.
19 minutes ago
DavaLic
is in the house.
1 day ago
Aaronwamma
is in the house.
4 days ago
Ronaldwoott
is in the house.
6 days ago
naylinaung
is in the house.
6 days ago
NikolayHar
is in the house.
6 days ago
PennyAtten
is in the house.
1 week ago

View All