လွယ်လွင့်တကူပြီးပြတ်ရမည့်ကိစ္စ မပြီးပြတ်နိုင်သည့် အခါမျိုးတွင်သုံးသည်။ တိုင်ပတ်သည်နှင့် ဆင်တူသည်။
လိုင်စင်လေး သက်တမ်းတိုးပါတယ်၊ ဟိုဟာလိုက်ယူရ ဒီဟာလိုက်တောင်းရနဲ့ ရွာပတ်တာပဲ။
လုပ်ငန်းအဆင်ပြေစေရန် စာရွက်စာတမ်း အတုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အာရကီးပေးခြင်း၊ ပစ္စည်းအတုလုပ်ခြင်း စသော ကိုယ်နည်းကိုယ့်ဟန်ဖြင့် ကျော်ခြင်း၊ ခွခြင်းကိစ္စရပ်များတွင်သုံးသည်။ကားဝယ်ရောင်း များ စတင် အသုံးပြုသောစကားဟု ယူဆရသည်။
ဒီလောက်ကတော့ နဲနဲပါးပါး ရွှီရှောင် လုပ်လိုက်ရင် အိုခေမှာပါ။
အလိုက်ကမ်းဆိုးမသိ ဆိုးသွမ်းသည်။အထူးသဖြင့် အလိုလိုက်ထားသော အမေများနဲ့ ခပ်ဆိုးဆိုးကလေးငယ်များရဲ့ ဆက်ဆံရေးတွင် မကြာခဏတွေ့ရသည်။
နင် ငါ့လာပြီး ရောင့်တက်မနေနဲ့။ အိမ်မှာ အဲအရုပ်တွေ အများကြီးပဲကို။ မ၀ယ်ပေးနိုင်ဘူး။
သူများကသိချင်မှ သိမယ်..ကိုယ်ပြောတဲ့ အတိုင်းကအတည်ပဲ... ဖုန်းရွှိုင်း လိုက်မယ်ဆို ဖုန်း ဆက်တာလို.လို ဖုန်း၀ယ်တာလိုလို ပျက်နေတာလိုလိုပေါ့ဗျာ...
ညနေခင်း ဘကုန်း သွားရွှိုင်းမာနော်...ဖုန်းရွှိုင်းလိုက်မယ်.ok (ဘကုန်း=ဘီယာ) ဖုန်းရွှိုင်း=ဖုန်းဆက်..
ကြောက်စရာကောင်းသော်လည်း ကိုယ့်အတွက် အန္တရာယ်မရှိသည့် အခြေအနေ ကိုဖော်ပြရာ၌ အသုံးပြုသည်။
အဲ့ဘဲကြီးက fighter ကြီးဆိုပေမယ့် သဘောကောင်းတယ်... မင်းပေါင်းတတ်တယ် ဆိုရင်တော့ ရေမြွေပဲ။
အခက်အခဲများစွာ ဖြစ်နေခြင်းကို ဆိုလိုသည်။
သူများတွေလုပ်သွားတာ အားလုံးအေးဆေးပါပဲကွာ... ဒီကောင့်အလှည့်ကျမှ တစ်ယောက်ထဲ ရေကြီးနေတယ်။