ပုံမှန် အသိစိတ်လွတ်၍ ကြောင်တောင်တောင်ဖြစ်နေသည်။ ပလပ်ကျွတ်သည်။ လူမှန်းသူမှန်း မသိမူးသည့်အခါတွင်လည်း သုံးသည်။
၁။ တစ်ညလုံး မအိပ်ဘဲ ဂိမ်းဆော့လိုက်တာ အခုမနက်ကျ လူက လွတ်စကွတ်တွေ ဖြစ်နေတယ်... ၂။ သူငယ်ချင်း ဖြစ်ရဲ့လား.. ဒီအရက်က အရမ်းပြင်းတယ်နော် လွတ်စကွတ်တွေ ဖြစ်သွားမယ် ... သိပ်မသောက်နဲ့
အူကြောင်ကြောင် စိတ်ကစဥ့်ကလျား စဉ်းစာဉာဏ် ပျောက်နေချိန်တွင် သုံးသည်
အဲ့ကောင် လစ်ပြီး လျှောက်ပြောနေပြီ
trollerများ အချင်းချင်း မဟုတ်တဲ့နေရာမှာ ဆရာတင်သည်။ လော့ဒ် (lord) ဘွဲ့ပေးသည်။
လော့ဒ်က လော့ဒ်ပါပဲ လော့ဒ်ရယ် :3
ပစ္စည်းကောင်းများကို သူငယ်ချင်များထံမှ ငှားရမ်းပြီး အမေ့ခံ ပြန်၍ မပေးသောသူ။
ဟေ့ကောင် ဟေ့ကောင် မြန်မြန် သိမ်း။ မြန်မြန် သိမ်း။ ဟိုမှာ လှကျော် လာနေပြီ။
ထူးဆန်းသည်၊ ထင်ရှားသည်၊ ပေါ်လွင်သည် ကို တိုက်ရိုက်ဖြစ်စေ အရွဲ့တိုက်ခြင်းဖြစ်စေ ပြောဆိုရာတွင် သုံးသော အာလုပ်သံ
လကမ္ဘာထိ honey moon သွားမယ်ဆိုပဲ လဲ့ :V