Define Gawdai

User Avatar

Kyaw Min Soe

Total Gawdai: 1

နိုင်ငံတော်ကား

ကင်မရာကောင်းကောင်းဖြင့် ရိုက်ကူး၍ ဆိုရှယ်မီဒီယာပေါ်တွင် လွှင့်တင်သာ ချစ်သူစုံတွဲပုံ (သို့) သူတို့၏အချစ်ကို ဖော်ကျူးသောပုံ။

အာဏာရှင်စနစ်ကျင့်သုံးမှာ သေချာမှ နိုင်ငံတော်ကား ရိုက်နော်။ နိုင်ငံတော်ကားပေါက်ပြီးမှ နောက်တစ်ယောက်ပြောင်းချင်ရင် နားကားနေမယ်။
7 years ago
{{slangs[703].share_count}}

ကြောင်း

နောက်မှလိုက်၍ ကိုယ်လိုရာကို အခြေအနေပေါ်မူတည်၍ ပြောဆိုဆောင်ရွက်သည်

ဟေ့ကောင် မင်းကြိုက်တဲ့ ကောင်မလေးလာနေပြီ လိုက်ကြောင်း လိုက်တော့.... ဒီချိန်က ကွက်တိပဲ
7 years ago
{{slangs[476].share_count}}

SPA (စပါး)

ဆီလူးသည်။ မရောင်ရာဆီလူးသည်ကိုဆိုလိုသည်။ မယ်မယ်ရရ အလုပ်မဖြစ်ပါ

ဒီကောင်ကတော့ လုံးဝ ကို SPA ပဲ
7 years ago
{{slangs[445].share_count}}

အမှန်လေး

နာမည်ပျက်မရှိသော မိန်းခလေး

ဇယားရွှေ့ဖို့တော့ လာမကြောင်နဲ့။ အဲ့စော် ငါတို့ ရပ်ကွက်ထဲက အမှန်လေးကွ။
7 years ago
{{slangs[441].share_count}}

စော်ကြည်ဘဲ

မိန်းခလေးတိုင်း သဘောကျ နှစ်သက်သော ယောက်ျား။

ဒီဘဲ စော်ကြည်ဘဲကွ။ တွေ့လိုက်ရင် စော်တဗြုတ်နဲ့။
7 years ago
{{slangs[440].share_count}}