Define Gawdai

User Avatar

Kyaw Min Soe

Total Gawdai: 1

အာရုံတစ်

အာရုံ အလွန်နောက်စရာ ကောင်းသောသူ။ သူတစ်ပါး စိတ်ညစ်အောင် အမြဲလုပ်တတ်သော လူစားမျိုးကို နံပါတ်တစ်နေရာပေးသည့် အခါမျိုးတွင် အသုံးပြုလေ့ရှိသည်။

ကိုယ်က အခုတော့ မင်းအတွက် အာရုံတစ်ကြီးပေါ့၊ ဟုတ်လား .. မေ။
7 years ago
{{slangs[433].share_count}}

ယက်ထွက်

အလုပ်များနေခြင်း၊ အလုပ်ရှုပ်နေခြင်း စစ်တပ်ထဲတွင်အသုံးများသည်

ကိုယ့်ဟာနဲ့ကိုယ်တောင် ယက်ထွက်နေတာ၊ ထပ်လာမခိုင်းစမ်းပါနဲ့။
7 years ago
{{slangs[432].share_count}}

ရှိုင်း

ရေသာခိုသည်

သူများအလုပ်လုပ်တဲ့အချိန်မှာဒီကောင်ရှိုင်းနေတာ
7 years ago
{{slangs[431].share_count}}

ကလိ

တစ်ခုခုကိုလုပ်နေသည် (ရွဲ့ပြောခြင်းဖြစ်သည်)

ဒီကောင်ဘာမှမလုပ်ဘဲ ဖုန်းပဲထိုင်ကလိနေတယ်
7 years ago
{{slangs[429].share_count}}

ဗဒီးဗဒါး

အရူးကွက်နင်းသည်/လျှော်သည်

သားကြီး .. နောက်မှ ဗဒီးဗဒါးတော့ မလုပ်နဲ့နော်
7 years ago