Define Gawdai

User Avatar

Gon Myint

Total Gawdai: 9

အူကျွတ်

အလွန်အမင်းဆော့ကမြင်းသူ

မောင်မောင်ကတော့ အူကျွတ်ဟေ့
7 years ago
{{slangs[629].share_count}}

ကိုင်

တစ်စုံ တစ်ခု ကို ပြုလုပ်သော နေရာ တွင် နာမ်စား အဖြစ် အသုံးပြုသည် အသုံး ပြုသော အခြေအနေ အသုံးအနှုံးအလိုက် အဓိပ္ပါယ် ကွဲပြားသည်

ဟေ့ကောင်ရေ အဲ့ကောင် ကို ကြည့်မရေတာ့ဘူး၊ ကိုင် လိုက်တော့မယ်။ ကြည့်နေ အဲ့ကလေး နတ်ကိုင်ခံရတော့မယ်။ လာ .. သားရီး ဘီယာသွားကိုင်ရအောင်။
7 years ago
{{slangs[412].share_count}}

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
7 years ago
{{slangs[349].share_count}}

အိယောင်ဝါး

အလုပ်တစ်ခုကို ပြီးမြောက်အောင်မလုပ်ပဲ ဟိုဟာလုပ်မလို ဒီဟာလုပ်မလိုဖြင့် ဟိုယောင်ဒီယောင် လုပ်နေသောသူ။

မင်းကွာ ဒါလေးခိုင်းတာကို အိယောင်ဝါးလုပ်နေတယ်။
8 years ago
{{slangs[277].share_count}}

ဘဝခါး

ဒုက္ခ အကြီးကြီးရောက်သည်။

အဲ့ကောင်လက်ချက်နဲ့ ငါတော့ ဘဝခါးပြီကွာ။
8 years ago
{{slangs[273].share_count}}