Define Gawdai

User Avatar

Htun Lynn

Total Gawdai: 4

ပေသီးခေါက်

ကပ်စေးနည်းသည်။ စေ့စေ့စပ်စပ် တွက်ချက်သည်။ တရုပ်ဂဏန်းတွက်စက် ပေသီးကို အခြေခံပြီး ထွက်ပေါ်လာသည်။

ဒီလောက်လဲ ပေသီးမခေါက်စမ်းပါနဲ့ကွာ။ သေရင် မင်းနောက် ဘာတစ်ခုမှ ပါမှာမှ မဟုတ်တာ။
8 years ago
{{slangs[199].share_count}}

ဗျောင်းသတ်

အလွန် အမင်း အလုပ်ရှုပ် သည် ကိစ္စတစ်ခုခု ကို မနိုင်မနင်း ဖြစ်သည်

အိမ်မှု ကိစ္စ တွေ နှစ်ယောက် တည်းလုပ် ရတာ ဗျောင်းသတ် ချက်
8 years ago
{{slangs[198].share_count}}

ခ်ခ်

မြည်သံဆွဲ အင်္လကာ ရယ်မော်သံ ဖြစ်သည်။ "ခစ်ခစ်" မှဆင်းသက်လာသည်။ lol = ခ်ခ် ဘိလပ်ပြန် ဘုန်းမြတ်ထူး မှ တီထွင်ခဲ့ ခြင်းဖြစ်သည်

ရယ်ရတယ် ခ်ခ်
8 years ago
{{slangs[197].share_count}}

လွေး

ထမင်း သို့မဟုတ် စားစရာ တစ်ခုခု ကိုစားသည်

ဗိုက်ဆာလာဘီကွာ သွား လွေး လိုက် အုံးမယ်
8 years ago
{{slangs[196].share_count}}

မူလကီသွန်နီ

ကိစ္စ တစ်ခုခု ကို ဝေ့လည် ကြောင်ပတ် လုပ်သည်။ ဉာဏ်များသည်။ မူယာမာယာများသည်။ အန္ဒိယ စကား မူလကီ = ကြက် ကို အခြေ ခံပြီး သွန်နီ နှင့် ပေါင်း၍ ကြက်သွန်နီကိုဆိုလိုခြင်းလည်းဖြစ် သည်

ကြည့် ကြည့် ကိုနှင်းမောင် ရေ အဲ့ ကုလား မူလကီသွန်နီ လုပ် နေပြီ။
8 years ago
{{slangs[194].share_count}}