Define Gawdai

User Avatar

Thura Aung

Total Gawdai: 0

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
7 years ago
{{slangs[469].share_count}}

ဖွီးကြား

အဖွားကြီး များအား လူမသိအောင် ခေါ်ဆိုသည့် ဘန်းစကား။

ဟေ့ရောင်...ရှေ့က ဖွီးကြားက အလန်းကြီးပါလား......
8 years ago
{{slangs[309].share_count}}

နေလှန်း

တစ်စုံတစ်ဦးက သွားချင်ရာသွားပြီး မိမိကို စောင့်ခိုင်းနေခြင်းဖြစ်သည်။ ငါးခြောက် ထမင်းကြမ်း အစရှိသည်တို့ကို နေလှန်း ထားသည့် သဘောနှင့် တူတူ ပင်ဖြစ်သည်။

သားကြီး မင်း ၄ နာရီ အရောက်လာခဲ့မယ်ဆို။ အခုပဲ ၆ နာရီထိုးတော့မယ်။ ရေလည် နေလှန်းတယ်ကွာ။
8 years ago
{{slangs[168].share_count}}

ဖြဲသည်

စကားအရာဖြင့် အချက်ကျကျ ပြောဆိုကာ ပြန်လည်တုံ့ပြန်သည်

မင်း မသိဘဲ သွားမရွှီးနဲ့။ အဲ့ဘဲ ပြန်ဖြဲလိုက်မှ ဂန့်နေဦးမယ်။
8 years ago
{{slangs[48].share_count}}