Total Gawdai: 0
အွင်းဟု အသံထွက်သည်။ 'imm','omm' တု့ိအစား စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
A: ငါတို့အပြင်သွားရအောင်။ B: Awim, ဘယ်နေ့တွေ့ကြမလဲ။
မျက်စိ အလွန်မှုန်ပြီး မျက်မှန် အထူကြီး တပ်ရသူများကို ခေါ်သည့် အသုံးအနှုန်းဖြစ်သည်။
ဟိုကောင် မီးပိတ်ပြီး ဂိမ်းခိုး ကစားပြန်ပြီ။ ကြာရင် ပုလင်းဖင် ဖြစ်တော့မယ်။
Dota2 players များကဲ့သို့ online game ကစားသူများ လက်တွေ့ဘဝတွင် တွဲသုံးခြင်းဖြစ်သည်။ Good Game ဟု စစချင်းပြောသူက အရှုံးပေးသူဖြစ်သည်။ ရှုံးနှိမ့်သည်။ အရှုံးပေးသည်ဟု အဆိုရသည်။ စာမေးပွဲမဖြေနိုင်ရာ၊ စိတ်ကူးထားတာ ဖြစ်မလာရာ တို့တွင်သုံးသည်။
ဒီနှစ် ကျောင်းလခကတော့ GG ပဲ။ မနက်ဖြေမဲ့ English စာ က GG ပါကွာ။