Define Gawdai

User Avatar

Myo Thant Kyaw

Total Gawdai: 3

ပါချီပါချက်

အသေးအဖွဲ

မင်းလောက်ကတော့ ပါချီပါချက်လေးပါပဲကွာ
7 years ago
{{slangs[496].share_count}}

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
7 years ago
{{slangs[469].share_count}}

ယက်ထွက်

အလုပ်များနေခြင်း၊ အလုပ်ရှုပ်နေခြင်း စစ်တပ်ထဲတွင်အသုံးများသည်

ကိုယ့်ဟာနဲ့ကိုယ်တောင် ယက်ထွက်နေတာ၊ ထပ်လာမခိုင်းစမ်းပါနဲ့။
7 years ago
{{slangs[432].share_count}}

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
7 years ago
{{slangs[349].share_count}}

အိမ်သာကျင်းထုံးပတ်

နဂိုမဖြူသော မျက်နှာကို အတင်းဖြူအောင် ပြင်ဆင်ထားသူများ၊ လိုတာထက်ပို၍ ပြင်ဆင်သူများအား ကဲ့ရဲ့ပြောဆိုရာတွင် အသုံးပြုသည်။

နင် မိတ်ကပ် လိမ်းထားတာကလည်း အိမ်သာကျင်းထုံးပတ် ထားတဲ့အတိုင်းပဲ။
7 years ago
{{slangs[343].share_count}}