Total Gawdai: 0
မိတ်ကပ် အလွန်အကျွံလိမ်းသော မိန်းကလေးများကို ရည်ညွှန်းပြောဆိုရာတွင် သုံးသည်။
ခွေးချီမှိုတက်လေးတွေ လာပါပြီဗျာ။
သြဇာ အာဏာရှိသည့်ပုံ ဖြင့်ပြောဆို ငေါက်သည်။ မိန်းမလျာ အများစု အသုံးပြုလေ့ရှိသည်။
ဘွားတော်က တခုခုဆို နည်းနည်းလေးမှ မမှားနဲ့၊ သြဇာသီးရောင်းမယ်ဆိုတာချည်းပဲ။
ပေးပြီးသားပစ္စည်းကို ပြန်ယူတာ
လှနုထွန်းတွေအရမ်းမဆန်နဲ့နော် " miss crown တွေပေးပြီသားတွေကို ပြန်ယူလို့ "
ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်
ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်