Define Gawdai

User Avatar

Hein Htet Aung

Total Gawdai: 0

ဂုန်းဆင်း

ကိုယ့်ဆီကတပြားသားမှထုတ်သုံးခြင်းမရှိပဲ ဘော်ဒါအပေါင်းအသင်းမိတ်ဆွေများဆီမှရရင်ရသလိုကပ်သုံးကပ်စားခြင်း

ဟေ့ရောင်တွေ ဝိတ်တာခေါ်ပြီး ကြိုရှင်းထားလိုက်တော့ဟေ့။ စားစရာရှိတာတွေလည်း ကုန်အောင်စားထားကြ။ ဟိုမှာ ဂုန်းဆင်းမယ့်ကောင် လာနေပြီ။
7 years ago
{{slangs[302].share_count}}

ကွီး

ကိုကြီးကို အမြန်ခေါ်ဆိုသည့်အသံ။ ကိုယ့်ထက်အသက်ကြီးသော ဘဲကြီးများကို ရင်းနှီးစွာခေါ်ဆိုခြင်း ။ ကျော်ညိုသွေးကိုယ်တိုင် အပျော်သဘော အသစ်ဖန်တီးပြီး Facebook တွင် စတင်သုံးစွဲရာမှ တဖြည်းဖြည်းပျံ့နှံ့သုံးစွဲလာကြသည်။

"ကွီး..နေကောင်းလား" "ကွီး နှုန်းထားလေး ကြွေပြီ ခေးရယ်.."
7 years ago
{{slangs[298].share_count}}

ဟပ်ပလုပ်

အရွယ်အစားကြီးမားသည်။ ဆိုဒ်ကြီးသည်။

မင်း လွယ်အိတ်ကြီးက ဟပ်ပလုပ်ကြီးကွာ။
8 years ago
{{slangs[297].share_count}}

ဘဲဝါ

ဘုန်းကြီး (မင်းမင်းလတ်၏ လမ်းပေါ်မှ ဝေါဟာရများ စာအုပ်မှ၊ ၁၉၇၀ ခုနှစ်များတွင် သုံးခဲ့သည်)

မြန်မာနိုင်ငံမှာ ဘဲဝါ (၅) သိန်းကျော်ရှိတယ်။
8 years ago
{{slangs[281].share_count}}