Define Gawdai

User Avatar

Yamin Yuper Zin

Total Gawdai: 0

မရောင်ရာ ဆီလူး

လုပ်သင့်သည်ကိုမလုပ် မလုပ်သင့်သည်ကို လုပ်နေခြင်း

အဲကောင်က "မရောင်ရာ ဆီလူး" နေတာပါကွာ
7 years ago
{{slangs[568].share_count}}

ပုလင်းဖင်

မျက်စိ အလွန်မှုန်ပြီး မျက်မှန် အထူကြီး တပ်ရသူများကို ခေါ်သည့် အသုံးအနှုန်းဖြစ်သည်။

ဟိုကောင် မီးပိတ်ပြီး ဂိမ်းခိုး ကစားပြန်ပြီ။ ကြာရင် ပုလင်းဖင် ဖြစ်တော့မယ်။
7 years ago
{{slangs[535].share_count}}

လစ်လိုက်တော့

နားလိုက်တော့နှင့် အဓိပ္ပာယ်ဆင်သည်။ မနှစ်မြို့သည့်အခါမျိုး၊ စိတ်ရှုပ်နေသည့်အခါမျိုး၊ လာလှိမ့်နေသည့် အခါမျိုးတွင် အသုံးများသည်။ ကိုယ်နှင့်အဝေးတစ်နေရာသို့ ထွက်သွားခိုင်းသည့် အခါမျိုးတွင်လည်းသုံးသည်။

သားကြီး မင်းလစ်လိုက်တော့။ ဒါမျိုး နှစ်ခါမရဘူးကွ။
7 years ago
{{slangs[402].share_count}}

သံပုရာသီးလေး လိမ့်လာတယ်

အချဉ်၊ အူတူတူ အတတ၊ မနူးမနပ်များ ခွင်ထဲဝင်လာသည့်အခါ သုံးနှုန်းသည်။

၁။ ယောက်ဖ ဟိုမှာသံပုရာသီးလေးလိမ့်လာတယ် ခေါ်စားရအောင် ၂။ ပြောရင်တော့ဆရာကြီး လိမ့်လာတာ သံပုရာသီးလေး။
7 years ago
{{slangs[319].share_count}}

အမုန်းဆွဲ

တစ်ခုခုကို မုန်းခန်းတိုင်အောင်လုပ်ဆောင်မှု။ လိုသည်ထက်ပိုပြီး အားထုတ်လုပ်ဆောင်မှု။

ရန်ကုန်ပြန်ရောက်တာနဲ့ မုန့်ဟင်းခါး အမုန်းဆွဲပစ်မယ်။
8 years ago
{{slangs[303].share_count}}