Define Gawdai

User Avatar

Mack Ruci

Total Gawdai: 0

အသုပ်သုပ်

အလုပ်သေချာမလုပ်ဘဲ ယောင်နေသည်။

ဟိုကောင်ကတော့ အသုပ်သုပ်နေသဟေ့
7 years ago
{{slangs[332].share_count}}

တုန်ချွမ်

အဆင်ပြေသလို၊ အမြန် စီစဉ်ဆောင်ရွက်သည်။ ပြီးပြီးရော လုပ်သည်။

မင်းတို့ကောင်တွေကလည်းကွာ.. သေချာလေး အလုပ်လုပ်စမ်းပါဦး။ တစ်ခါလာလည်း တုန်ချွမ်တွေချည်းပဲ။
7 years ago
{{slangs[324].share_count}}

ရွှီရှောင်

လုပ်ငန်းအဆင်ပြေစေရန် စာရွက်စာတမ်း အတုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အာရကီးပေးခြင်း၊ ပစ္စည်းအတုလုပ်ခြင်း စသော ကိုယ်နည်းကိုယ့်ဟန်ဖြင့် ကျော်ခြင်း၊ ခွခြင်းကိစ္စရပ်များတွင်သုံးသည်။ကားဝယ်ရောင်း များ စတင် အသုံးပြုသောစကားဟု ယူဆရသည်။

ဒီလောက်ကတော့ နဲနဲပါးပါး ရွှီရှောင် လုပ်လိုက်ရင် အိုခေမှာပါ။
7 years ago
{{slangs[317].share_count}}

ဖီးလ်ငုပ်

အင်္ဂလိပ်စကား Feel ကိုယူထားပြီး မနှစ်မြို့ဖွယ် အနေအထားနှင့် အပြုအမူ များတွင် သုံးသည်။

ဒီနေ့တက်ရတဲ့ အတန်းက ရေရေလည်လည် ဖီးလ်ငုပ်တယ်ကွာ
7 years ago
{{slangs[312].share_count}}

ဖွီးကြား

အဖွားကြီး များအား လူမသိအောင် ခေါ်ဆိုသည့် ဘန်းစကား။

ဟေ့ရောင်...ရှေ့က ဖွီးကြားက အလန်းကြီးပါလား......
7 years ago
{{slangs[309].share_count}}