Define Gawdai

Kaung khant thu

Total Gawdai: 2

ပလုတ်တုတ်ခေါက်

ဒုက္ခရောက်နေသည့် အချိန်အခါမျိုးတွင် ခေါင်းတွင်တွင်ရမ်းကာ မဟုတ်ဘူး မရဘူး မဖြစ်သေးဘူး စသည်ဖြင့် အဆက်မပြတ် ရေရွတ်ညည်းတွားနေရသော အခြေအနေမျိုးအတွက် ကိုယ်စားပြုကာ သုံးနှုန်းလေ့ရှိသည်။

အလုပ်ထဲမှာ အရှုပ်တွေမွှေပြီး ပလုတ်တုတ်ခေါက်နေတယ်။
8 years ago
{{slangs[120].share_count}}

ပုတ်

မကောင်းသော အတိတ်နမိတ်များ သယ်လာသည်။ ကံဆိုးသည်၊ ညံ့သည် စသည်ဖြင့် ဝေဖန်ပြောဆိုရာတွင် သုံးသည်။

ဒီကောင်ဝင်လာတာ သောက်ရမ်းပုပ်တယ်ကွာ။ အဲဒီကောင် ဒီနေ့ တော်တော်ပုပ် တာပဲ။
8 years ago
{{slangs[72].share_count}}

သောကပဲ

စိတ်ညစ်အောင် လာလုပ်သည့်အခါ သုံးသောစကား။

မင်းက တကယ့်သောကပဲကွာ။
8 years ago
{{slangs[68].share_count}}

အစား

လုပ်ရကိုင်ရခက်သည်။ အထူးအဆန်းဖြစ်သည်။

အဲ့ဒီ့ ဂစ်တာသမား အဲ့ဒီ့နေရာကိုတီးထားတာ အစားကွာ
8 years ago
{{slangs[66].share_count}}

ခေါင်မိုးလဲ

ဆံပင်ညှပ်သည်၊ ဆံပင်ပုံစံ ပြောင်းသည်။

(၁) သားကြီး မင်းခေါင်မိုးသွားလဲရင် သံချောင်းလေးဘာလေးခေါက်ဦး။ (၂) အဟ ခေါင်မိုးတွေဘာတွေလဲထားလို့ပါလား။
8 years ago
{{slangs[65].share_count}}