Define Gawdai

User Avatar

Swam Yee Htet

Total Gawdai: 0

လွတ်စကွတ်

ပုံမှန် အသိစိတ်လွတ်၍ ကြောင်တောင်တောင်ဖြစ်နေသည်။ ပလပ်ကျွတ်သည်။ လူမှန်းသူမှန်း မသိမူးသည့်အခါတွင်လည်း သုံးသည်။

၁။ တစ်ညလုံး မအိပ်ဘဲ ဂိမ်းဆော့လိုက်တာ အခုမနက်ကျ လူက လွတ်စကွတ်တွေ ဖြစ်နေတယ်... ၂။ သူငယ်ချင်း ဖြစ်ရဲ့လား.. ဒီအရက်က အရမ်းပြင်းတယ်နော် လွတ်စကွတ်တွေ ဖြစ်သွားမယ် ... သိပ်မသောက်နဲ့
10 years ago
{{slangs[166].share_count}}

အဇန်း

အထူးအဆန်းအစား သုံးသောစကားလုံးဖြစ်သည်

ဟာ အဇန်း ကြီးတွေပါ့လား
10 years ago
{{slangs[157].share_count}}

လိုင်

Like/လိုက်၏ အခြားသော အသုံးအနှုန်း

မင်းပုံကို ငါ လိုင်ပေးခဲ့တယ်နော်
10 years ago
{{slangs[114].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
10 years ago
{{slangs[108].share_count}}

မမမြ

internet troller များ အများစု အသုံးပြုကြသည်။ epic ဖြစ်သော အရာများတွင် ပြောဆိုချီးမွမ်းသည်။

ဟ မင့်meme က မမမြပဲ
10 years ago
{{slangs[105].share_count}}