Define Gawdai

User Avatar

m.d

Total Gawdai: 7

အငန့်

အစ၊အသေးအဖွဲ၊ အကင်း။

ဒါတောင် ငါပညာပေးနေတာ အငန့်ပဲရှိသေးတယ်။
9 years ago

ဒေါင်

လက်ဖက်ရည်ဆိုင်။ ၁၉ ၉ ၅-၉ ၇ ဝန်းကျင်နှင့် အစောပိုင်း အခေါ်အဝေါ်။

ဟေ့ကောင် ဒေါင်သွားထိုင်မယ်၊ လိုက်မလား။ ထိုင်နေကြ ဒေါင်မှာရှိမယ်။
9 years ago

ချောဆွဲ

ရုတ်တရက် လာခေါ်ခြင်း၊ ပါသွားခြင်း၊ မလိုက်ချင်လိုက်ချင် လိုက်သွားရခြင်း။

ဒီကောင် ချောဆွဲလို့ပါလာတာလေ။ မနေ့က သူချောဆွဲလို့ မြို့ထဲကို ပုံရွဲကြီးနဲ့လိုက်သွားရတယ် .. လေတယ်။
9 years ago

ဂါ

အရက်နာကျရာတွင် အများဆုံးအသုံးပြုလေ့ရှိပြီး တခုခု မလှုပ်ရှားနိုင် ပင်ပန်းနွမ်းနယ်မှု ဖြစ်ပေါ်နေခြင်း။

ညက ရှက်ကီချလိုက်တာ မနက်ကျ ဂါသွားတယ်
9 years ago

ရေမြွေ

ကြောက်စရာကောင်းသော်လည်း ကိုယ့်အတွက် အန္တရာယ်မရှိသည့် အခြေအနေ ကိုဖော်ပြရာ၌ အသုံးပြုသည်။

အဲ့ဘဲကြီးက fighter ကြီးဆိုပေမယ့် သဘောကောင်းတယ်... မင်းပေါင်းတတ်တယ် ဆိုရင်တော့ ရေမြွေပဲ။
9 years ago