Define Gawdai

User Avatar

Kaung Myat Naing

Total Gawdai: 1

ဝဲစွဲ

အခြေအနေဆိုးဆိုး၊ အဆင်မပြေ အနေအထား ဖြစ်ကြောင်းဖော်ပြရာတွင်သုံးသည်။

သားကြီး ဆိုင်ကယ်ဖြည်းဖြည်းမောင်းဟ....နှစ်ယောက်လုံး ဝဲစွဲ ကုန်မယ်
9 years ago
{{slangs[311].share_count}}

ဉာဏ်ပေတုံး

ဒူသူ၊ ထုံထိုင်းသည့်လူ။ အသည့်သူ။ သဘောပေါက်မလွယ်သူ။

ဒီကောင် ဉာဏ်ပေတုံးကွာ။ ငါဆယ်ခါမက ရှင်းပြပြီးပြီ။
9 years ago
{{slangs[307].share_count}}

တိုက်ရှော

ကားသမားများက ဆိုင်ကယ်ကို ခေါ်သော ဘန်းစကား။ တိုက်တာနှင့် ရှော(သေ) လွယ်တတ်သည်ကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။

လျှော့ထားဆရာ။ ရှေ့မှာတိုက်ရှောတွေ ရှိတယ်။
9 years ago
{{slangs[305].share_count}}

စမာကလာ

ကြည့်ကျတ်လုပ်လိုက်သည် အခြေအနေတစ်ခုမြန်မြန်ဖြေရှင်းသည်/ ကျော်သည်

ဒီပုစ္ဆာ ဘယ်လို တွက် ရတာလဲမသိဘူး အေးဆေး ပါ ကွာ စမာကလာ လုပ်လိုက်
9 years ago
{{slangs[191].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
10 years ago
{{slangs[108].share_count}}