Define Gawdai

User Avatar

ကိုကို ခိုင္

Total Gawdai: 0

ဆိုး

အများအားဖြင့် အရက်သောက် ရန် ခေါ်သောအခါအသုံးများသည်။

သားရီး ဒီည ဆိုးမယ်လေ။ မင်းအခုတလော ငါတို့ကိုမခေါ်ပဲ ဆိုးနေတယ် ဆို။
9 years ago
{{slangs[621].share_count}}

ဆီပုံး

ဆုံးပီကို စကားလိမ်ဖြင့်ပြောဆိုခြင်း။

ညကငါ မန်ယူတင်လိုက်တာ ဆီပုံးသွားတယ်။
9 years ago
{{slangs[618].share_count}}

ခွေးဝမ်းသာအောင် လေလည်ပြတာ

မျှော်လင့်ချက်ပေးပြီးရိုက်ချခံရခြင်းကို ရည်ညွှန်းသည်။

အပိုတွေပါကွာ။ ဟိုစော်က ခွေးဝမ်းသာအောင် လေလည်ပြလိုက်တာပါ။
9 years ago
{{slangs[617].share_count}}

ဘောက်ချာ

ဇယားရှုပ်သည်။ ဇာတ်လမ်းရှုပ်သည်။ စာရင်းရှုပ်သည်။

ဒီကောင်နဲ့ သွားမပတ်သတ်နဲ့ အဲ့ကောင် ဘောက်ချာကောင်။
9 years ago
{{slangs[614].share_count}}

အာပလာ

အလုပ်တစ်ခုကို လက်တွေ့မလုပ်ဘဲ လေဖြင့်အလုပ်လုပ်သူ

ဟိုကောင်ပြောတော့ စာကျက်တော့မယ်ဘာညာနဲ့ အာပလာပါကွာ ဒီကောင်
9 years ago
{{slangs[613].share_count}}