Define Gawdai

User Avatar

Ye' Kyaw Aung

Total Gawdai: 3

ပြဲသည်

ဂျပန်ရောက် ဗမာများ အသုံးများသည် အလုပ်ရှုပ်သည် ပင်ပန်းသည် အစရှိသည့်နေရာများတွင် သုံးသည်

ဟဲ့ကောင်မ ဒီနေ့ပြဲလား တော်တော်ပြဲတယ်ကောင်မရေ ဒီနေ့သောကြာနေ့လေ ဂျပန်လခစား သမားတော်တော်များများက စနေတနင်္ဂနွေ ပိတ်တော့ သောကြာနေ့သောက်တာများတယ် ဂငယ်ရောက်ဗမာတော်တော်များများ ကလည်း အရက်ဆိုင်မှာ နေရာစုံတော်တော်များများ လုပ်ဖူးကြတော့ သောကြာကတော့ပြဲကြတယ်
7 years ago
{{slangs[717].share_count}}

ပတ်ထိန်း

မိန်းကလေးများစွာနှင့် ခင်မင်ပြီး ရည်စားလည်းမဟုတ် ဘာမှလည်းမဟုတ် လူထင်ကြီးအောင် နေတတ်သောသူကိုခေါ်သည်။

ဟေ့ရောင် .. မင်းသူငယ်ချင်းမလေးတွေနဲ့ မိတ်ဆက်ပေးလေ။ မင်းက ပတ်ထိန်းလုပ်မနေနဲ့။
7 years ago
{{slangs[714].share_count}}

ကိုသဲမောင်

ချစ်သူနှင့် ဖုန်းပြောသည့်အခါ "ကို" , "သဲ" , "မောင်" စသည့် အခေါ်အဝေါ်များသုံး၍ ပြောလေ့ရှိတတ်သည့် အမျိုးသားများအား စ၊ နောက် သည့်အနေဖြင့် ခေါ်ဝေါ်သည်။

ဗျို့ "ကိုသဲမောင်" ဆော် က ဘာတဲ့လဲ ဗျ??? ခု ပြန်လာတဲ့လား ???
7 years ago
{{slangs[707].share_count}}

စမောလေး

အငယ်အနှောင်း၊ အငယ်လေး။ အသက်အရွယ်ကြီးရင့်သောသူများ ကိုယ့်ထက် အသက်ငယ်သောသူများနှင့် တွဲကြသောအခါ အသုံးပြုသည်။ အင်္ဂလိပ် စကားလုံး small မှ ဆင်းသက်လာခြင်းဖြစ်သည်။

ဟို ဘိုးတော်က အာရကေ ဘယ်လောက်ထောလဲတော့ မသိဘူး၊ အမြဲတမ်း စမောလေးတွေ တစ်သိုက်နဲ့။
7 years ago
{{slangs[699].share_count}}

ရေမီးအစုံ

၁။ အားလုံး အပြည့်အစုံ။ လိုလေးသေး မရှိ။

သားကြီး .. ဒီမှာ မင်းကြိုက်တာတွေကြီး .. ရေမီးအစုံ လေထီးခုန်ယုံပဲ။
7 years ago
{{slangs[696].share_count}}