Define Gawdai

User Avatar

Ye' Kyaw Aung

Total Gawdai: 3

ပလစ်

ဂရုမစိုက်ပဲ လျစ်လျူရှုထားသည်။

ဒီကောင်တွေ ငါ့ကိုဝိုင်းပလစ်ထားကြတယ်။
7 years ago
{{slangs[603].share_count}}

အာတာပူစီ

အချစ်ရေးနှင့်ပက်သက်လျင် ထိခိုက်လွယ်သောသူ ၊ ထိခိုက်မခံနိုင်သူ မျိုးကို အာတာပူစီ၏ ပါးလွှာမှုနှင့်တင်စားပြီး ခိုင်းနှိုင်းသည်။

ကောင်မလေးက အာတာပူစီလေးပါကွာ ... ဒုက္ခမပေးချင်စမ်းပါနဲ့။
7 years ago
{{slangs[595].share_count}}

ပါချီပါချက်

အသေးအဖွဲ

မင်းလောက်ကတော့ ပါချီပါချက်လေးပါပဲကွာ
7 years ago
{{slangs[496].share_count}}

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
7 years ago
{{slangs[469].share_count}}

ယက်ထွက်

အလုပ်များနေခြင်း၊ အလုပ်ရှုပ်နေခြင်း စစ်တပ်ထဲတွင်အသုံးများသည်

ကိုယ့်ဟာနဲ့ကိုယ်တောင် ယက်ထွက်နေတာ၊ ထပ်လာမခိုင်းစမ်းပါနဲ့။
7 years ago
{{slangs[432].share_count}}