Define Gawdai

User Avatar

Phyo Zaw Tun

Total Gawdai: 6

ဟင်းချိုမှုန့်စားလား

ဟင်းချိုမှုန့်များများစားရင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းသည်။ ဉာဏ်မရှိတာကို ဆိုလိုခြင်း ဖြစ်သည်။

ဥပမာ လူတစ်ယောက်အလုပ်လုပ်နေတာ၊ ပြောနေတာ လွဲနေတယ်။ ဒါကို ခင်ဗျား ဟင်းချိုမှုန့်စားလား။
7 years ago
{{slangs[710].share_count}}

နွယ်

အတင်းရောသည်။ ပူးကပ်သည်။ နွယ်ပင်၏ ရစ်ပတ်သော သဘောသဘာဝကို အခြေခံပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

သားကြီး .. မင်းသွားနွယ်နေတာ ဇယားတွေ။
7 years ago
{{slangs[698].share_count}}

BRT စီးနေတယ်

လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ဘဲ၊ ဟန်ရေးပြကာ အလုပ်လုပ်ချင်ယောင်ဆောင်ရင်း အချိန်ဖြုန်းနေသည်။ (Created by Kyaw Nyo Thway)

ဟာ ဒီဘဲကတော့ကွာ BRT ပဲအမြဲစီးနေတော့တာပဲ။ တကယ်လုပ်ရမယ့်ဟာကျတော့မလုပ်ဘဲ မဟုတ်တာလျှောက်လုပ်နေတယ်။ အခုတော့ ဘာမှမပြီးဘူး။
7 years ago
{{slangs[664].share_count}}

ဆိုးတော့ ဆိုးတယ် ဒါပေမယ့် နှုတ်ခမ်းနီ

ထိပ်တိုက်တွေ့ပြီး ဖြေရှင်းသောအခါ အဖြဲဇယားခင်းပြီးမှ ရှော်သွားသည်။ (Created By ကျော်ညိုသွေး)

ဇိုးပုံစံနဲ့ ငါ့လာဖြဲနေတယ် ငါပြန်ဖြဲတော့မှ ဆိုးတော့ဆိုးတယ် နှုတ်ခမ်းနီ ဆိုတာမျိုးလုပ်သွားတယ်။ :D
7 years ago
{{slangs[661].share_count}}

သုပ်မှာ

တိုက်ခိုက်ခြင်း

ဟိုကောင်ကြည့်မရဘူး သုပ်မှာ ငါက
7 years ago
{{slangs[654].share_count}}