Define Gawdai

User Avatar

Tint Lu Shein

Total Gawdai: 1

ဘူပိတ်

ကံမကောင်း လုပ်တိုင်းလွဲ။ ဖဲဝိုင်း များမှလာသော စကား။

လက်တလော ဘူ ပိတ်နေတယ် ကွာ
7 years ago
{{slangs[516].share_count}}

နိုင်ဝေ

ကိုနိုင်နေသော်လည်း သူတပါးကို ပြန်လည် ဝေငှ နေရသူ

သားကြီး မင်းက နိုင်ဝေကြီးပါပဲကွာ
7 years ago
{{slangs[482].share_count}}

လုံးသည်

တစ်စုံတစ်ယောက်ကို အကျိုးအမြတ်ရစေရန် သို့ လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်စေရန် လိုက်လံ ရောနှောသည့်အခါသုံးသည်။

၁။ ဟေ့ရောင် ဟိုစော်ချောတယ်ကွ။ မင်းသွားလုံးလိုက်ပါလား၊ မင်းလဲကြိုက်နေတာပဲဥစ္စာ။ ၂။ မင်းကတော့ ပိုက်ဆံရမယ့်အလုပ်ဆို တွေ့ကရာလူဝင်လုံးတော့တာပဲ။
7 years ago
{{slangs[467].share_count}}

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
7 years ago
{{slangs[349].share_count}}

ဖီးလ်ငုပ်

အင်္ဂလိပ်စကား Feel ကိုယူထားပြီး မနှစ်မြို့ဖွယ် အနေအထားနှင့် အပြုအမူ များတွင် သုံးသည်။

ဒီနေ့တက်ရတဲ့ အတန်းက ရေရေလည်လည် ဖီးလ်ငုပ်တယ်ကွာ
7 years ago
{{slangs[312].share_count}}