Define Gawdai

User Avatar

Tint Lu Shein

Total Gawdai: 1

လေးဖြူတစ်ပွဲ

လက်ဖက်ရည်ဆိုင်များတွင် ဆေးလိပ် ၄ လိပ် ကို ဆေးလိပ်တစ်ပွဲဟု သုံးလေ့ရှိသည်။ အဖြူရောင် ဆေးလိပ် ၄ လိပ်ပါ ဆေးလိပ် ၁ ပွဲကို လေးဖြူ ၁ ပွဲ ဟု သုံးလေ့ရှိသည်။ တက္ကသိုလ်များ နှင့် နီးသော နေရာများတွင် ကျောင်းကန်တင်းများတွင် တက္ကသိုလ် ကျောင်းသားများ သုံးလေ့ရှိသည့် ဘာသာ

အစ်ကိုရေ လေးဖြူတစ်ပွဲ ဒီဝိုင်းကို ချပေးပါ။
7 years ago
{{slangs[663].share_count}}

လွင့်

ဘယ်ကလာတာလဲ ဘယ်သွားမလို့လဲ ဆိုတဲ့သဘော

ဟေ့ကောင် မင်းဘယ်ကလွင့်လာတာလဲ။
7 years ago
{{slangs[658].share_count}}

ဘောက်ချာစုတ်

ရန်ညှိုးရန်စ ရှိသောကြောင့် မကျေနပ်သဖြင့်စာရင်းပြန်ရှင်းသည်။

သားကြီး..ဟိုးမှာ တွေ့လား..တခေါက်က ငါတို့ကို ဘလိုင်းကြီးဖြဲသွားတဲ့ကောင်.. ဘောက်ချာစုတ်မယ် အဲ့ကောင်ကို!
7 years ago
{{slangs[657].share_count}}

ပန်းပန်

အပြုံးမပျက်

ဘယ်လိုဘဲဖြစ်ဖြစ်ငါကတော့ပန်းပန်လျှက်ပါကွာ
7 years ago
{{slangs[643].share_count}}

ကွီး ၊ ခေး ၊ ညေး ၊ မွီး ၊ စမီး ၊

ကိုကြီး ၊ ခလေး ၊ ညီလေး ၊ သမီး ( မွီးက အခြောက်မတွေသုံးတယ်၊ စမီးက အစစ်မတွေသုံးတယ် )

ကွီးရေ.. ခေးကိုလေ အဲ့လူကြီး လိုက်နှောက်ယှက်နေတယ်။ ခေး မကြောက်နဲ့ ကွီးရှင်းပေးမယ်။ ဒီမှာညေး မင်းလုပ်ရပ် ဒီမှာတင်ရပ်တော့။ icezzzz ... ညေးလို့ ခေါ်ပါနက်၊ မွီးပါလို့။ ဟုတ်တယ် ကွီးး ဒါ စမီးရဲ့ မွီးပါ။ တိန် ရှုတ်နေတာပဲ။
7 years ago
{{slangs[641].share_count}}