Define Gawdai

Ko Zaw Htet

Total Gawdai: 1

မြန်မာကား ဆန်သည်

အောက်တန်းကျသူ အဆင့်မရှိသူ ထမင်းကျွေးသော လက်ကို ပြန်ကိုက်သူ သားရေပေါ်အိပ် သားရေနားစား အစရှိသည်တို့ ကို အစားထိုးသုံးရန်ဖြစ်သည်

မင်း တော်တော် မြန်မာကားဆန်တဲ့ကောင်ကွား အဲ့ကောင်နဲ့မပေါင်းနဲ့ အဲ့ဘဲက မြန်မာကား ကွ နင့်လို ကောင်နဲ့ငါ့သမီးနဲ့ ပေးစားမယ့်အစား မြန်မာကားပဲ အမြီးဖြတ်ပေးစားလိုက်မယ် ဘာညာ
7 years ago
{{slangs[690].share_count}}

မချေရာ

ကြောင်တောင်တောင်နိုင်သော ခပ်ညံ့ညံ့ကောင်

ဒီကောင် မချေရာ ပါဘူးကွာ။
7 years ago
{{slangs[688].share_count}}

ခြေထောက်မိုးမိ

မဟာဉာဏ်ကြီးရှင် ဇဗ္မူထိပ်တင် မောင်မောင်ဉာဏ်ဆီမှ ဆင်းသက်လာခဲ့သည်။ ခြေထောက်နာသဖြင့် ရုံးမလာနိုင်ခြင်းကို ဆိုလိုသည်။

မနေ့က table tennis ရိုက်ရင်း အပြန်ခြေထောက် မိုးမိလိုက်တာ ကြွက်တက်သွားတယ်။ အဲဒါကြောင့် မနက်က မလာရတာ။
7 years ago
{{slangs[686].share_count}}

ကြေးအိုးပွဲသေး

ကြေးအိုးမှာရာတွင် ပွဲသေးဖြစ်ပါက ဝက်ဦးနှောက် ပါလေ့မရှိချေ။ ထိုကြောင့် ဉာဏ်ပုသော ၊ ဉာဏ်တိမ်သော ၊ ပိန်းသော၊ တနည်းအားဖြင့် ဦးနှောက်မရှိ သော လူပုဂ္ဂိုလ်မျိုးကို ရည်ညွန်း ခြင်းဖြစ်သည်။

ကြေးအိုးပွဲသေး ကြိုက်လို့ကတော့ ခုနေ ကိုယ်တွေ ရည်းစားရနေလောက်ပြီ (တစ်ယောက်တည်း မဟုတ်ဘူး၊ လေး ငါးယောက်လောက် )
7 years ago
{{slangs[684].share_count}}