Define Gawdai

soe tun oo

Total Gawdai: 0

အနားပြာ

အနားတွင် လိုတာထက်သာ၍ကဲကာ ပျာယာခတ်သူ၊ ခတ်ပြသူ။

ဗွီအိုင်ပီတွေလာတော့ အနားပြာလေးတွေ ခြေကိုရှုပ်နေတာပဲ။
8 years ago
{{slangs[725].share_count}}

ခြေထောက်

သွားစရာ လာစရာ ကား

ခြေထောက်လေးရှိရင်ကောင်းမယ်ကွာ ~ ဘယ်သွားသွားအဆင်ပြေတာပေါ့
8 years ago
{{slangs[715].share_count}}

တစ်လက်နှစ်လက်တော့သည်းခံ

ရှုပ်ပွေသည့် သူတစ်ယောက်ယောက်ကို သူငယ်ချင်းတစ်ယောက်က အကြောင်းမသိသွားကြိုက်သည့်အခါ သတိပေးသည့်အနေဖြင့် အသုံးပြုသည်။

အဲ့ဒီ့တစ်ယောက်လား .. တစ်လက် နှစ်လက်လောက်တော့ သည်းခံရမယ်နော် ဟေ့ရောင်
8 years ago
{{slangs[712].share_count}}

ဖွာဖွာ

ဆေးလိပ်သောက်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ဆေးလိပ်ဖွာသည်မှ ဆင်းသက်လာသည်။ ဆေးလိပ်ကို တင်စားသည့်အခါတွင်လည်း အသုံးပြုသည်။

ဖွာဖွာလေး သွားဆွဲရအောင်။ ဖွာဖွာချိန်ရောက်ပြီ၊ ဖွာဖွာသွားဆွဲမယ်။
8 years ago
{{slangs[711].share_count}}

ဟင်းချိုမှုန့်စားလား

ဟင်းချိုမှုန့်များများစားရင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းသည်။ ဉာဏ်မရှိတာကို ဆိုလိုခြင်း ဖြစ်သည်။

ဥပမာ လူတစ်ယောက်အလုပ်လုပ်နေတာ၊ ပြောနေတာ လွဲနေတယ်။ ဒါကို ခင်ဗျား ဟင်းချိုမှုန့်စားလား။
8 years ago
{{slangs[710].share_count}}