Define Gawdai

User Avatar

Daw War War Tun

Total Gawdai: 0

လေ့

လေ့လာသည်ဟူသောစကားကို အကုန်မပြောပဲ စတန့်ထွင်ပြောခြင်း

''ဟယောင် မင်း အိမ်စာတွေ လေ့ပြီးပြီလား
9 years ago
{{slangs[486].share_count}}

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
9 years ago
{{slangs[469].share_count}}

ဇေပဲ

ဇိမ်ကျခြင်း၊ အေးအေးဆေးဆေးရှိခြင်း၊ သက်တောင့်သက်သာ အပူအပင်ကင်းခြင်း။ စိုင်းထီးဆိုင် ပက်လက်ဖောင်းမင်းသား သီချင်းထဲတွင် ဘရာသာရေ ဇေပါတယ်ဟု သုံးစွဲဖူးသည်။

ဒီအချိန်ပင်လယ်ကမ်းခြေမှာ ဘီယာလေးသောက်ပြီး နှပ်လိုက်ရလို့ကတော့ ဇေပဲကွာ။
9 years ago
{{slangs[31].share_count}}