Total Gawdai: 0
အနားတွင် လိုတာထက်သာ၍ကဲကာ ပျာယာခတ်သူ၊ ခတ်ပြသူ။
ဗွီအိုင်ပီတွေလာတော့ အနားပြာလေးတွေ ခြေကိုရှုပ်နေတာပဲ။
အရပ်ပုပြီး ချစ်စရာကောင်းသော ကောင်မလေးများအား ချစ်စနိုးနှင့် ခေါ်ဆိုသော နာမည်ပြောင်ဖြစ်သည်။
သားကြီး .. ငါ့ပုစိလေးကို သွားကြိုလိုက်ဦးမယ်။ လစ်ပြီ။
ဟင်းချိုမှုန့်များများစားရင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းသည်။ ဉာဏ်မရှိတာကို ဆိုလိုခြင်း ဖြစ်သည်။
ဥပမာ လူတစ်ယောက်အလုပ်လုပ်နေတာ၊ ပြောနေတာ လွဲနေတယ်။ ဒါကို ခင်ဗျား ဟင်းချိုမှုန့်စားလား။
ချစ်သူနှင့် ဖုန်းပြောသည့်အခါ "ကို" , "သဲ" , "မောင်" စသည့် အခေါ်အဝေါ်များသုံး၍ ပြောလေ့ရှိတတ်သည့် အမျိုးသားများအား စ၊ နောက် သည့်အနေဖြင့် ခေါ်ဝေါ်သည်။
ဗျို့ "ကိုသဲမောင်" ဆော် က ဘာတဲ့လဲ ဗျ??? ခု ပြန်လာတဲ့လား ???
ကိုယ့်ဘက်ကိုပဲအမြဲအသာလိုချင်ပြီး တစ်ခြားလူဘက်ကို မကြည့်တဲ့လူကိုဆိုလိုပါတယ်။ တောရွာတွေမှာ အများသုံးဆွဲတဲ့စကားလုံး ဖြစ်ပါတယ်။
ဦးသာကြီးကလည်း သာလွန်းတယ် .. တော်ရုံပဲကောင်းပါတယ်။