Define Gawdai

User Avatar

tt

Total Gawdai: 15

ဉာဏ်ပေတုံး

ဒူသူ၊ ထုံထိုင်းသည့်လူ။ အသည့်သူ။ သဘောပေါက်မလွယ်သူ။

ဒီကောင် ဉာဏ်ပေတုံးကွာ။ ငါဆယ်ခါမက ရှင်းပြပြီးပြီ။
7 years ago
{{slangs[307].share_count}}

အမုန်းဆွဲ

တစ်ခုခုကို မုန်းခန်းတိုင်အောင်လုပ်ဆောင်မှု။ လိုသည်ထက်ပိုပြီး အားထုတ်လုပ်ဆောင်မှု။

ရန်ကုန်ပြန်ရောက်တာနဲ့ မုန့်ဟင်းခါး အမုန်းဆွဲပစ်မယ်။
7 years ago
{{slangs[303].share_count}}

အော်ဆွေး

အော်ရေဂျီနယ် (original) အတိုင်း ဆွေးနေတာ၊ ဆွေးမြေ့သွားတာကို ဆိုလိုသည်။ ဆရာမင်းလူ၏ "အော်ဆွေး" စာအုပ်တွင်လည်း အနက်ကို ရှင်းပြထားပြီး အသုံးပြုထားသည်။

အရင်တုန်းက e-major queen လေ။ ပဲများနေတာနဲ့ အော်ဆွေးကြီး ဖြစ်သွားတာ။
8 years ago
{{slangs[259].share_count}}

အထူအပါး

အခြအနေ၊ အဖြစ်အပျက်တို့ကို နှိုင်းယှဉ်ဖေါ်ပြသည့်အခါတွင်သုံးသည်။

ဒီဘဲလေး အထူအပါးနားမလည်ဘူး။ ခုံဖိနပ်တစ်ဖက်၊ မြမာလာတစ်ဖက် စီးခိုင်းရမယ်။
8 years ago
{{slangs[258].share_count}}

ပေသီးခေါက်

ကပ်စေးနည်းသည်။ စေ့စေ့စပ်စပ် တွက်ချက်သည်။ တရုပ်ဂဏန်းတွက်စက် ပေသီးကို အခြေခံပြီး ထွက်ပေါ်လာသည်။

ဒီလောက်လဲ ပေသီးမခေါက်စမ်းပါနဲ့ကွာ။ သေရင် မင်းနောက် ဘာတစ်ခုမှ ပါမှာမှ မဟုတ်တာ။
8 years ago
{{slangs[199].share_count}}