Define Gawdai

User Avatar

tt

Total Gawdai: 15

သိုင်းကွက်နင်း

(အရက်) အမူးလွန်ကာ ယိုင်တိယိုင်တိုင် သွားလာလှုပ်ရှားသည့်သဏ္ဍာန်ကို ခိုင်းနှိုင်းတင်စားပြီး အသုံးပြုသည်။

ဒီနေ့တော့ ငါမကစ်တော့ဘူး သားကြီး .. သိုင်းကွက်နင်းပြီး အိမ်ပြန်ရတဲ့ နေ့တွေများပြီ။
6 years ago
{{slangs[729].share_count}}

တဘော်ကျဲ့

တပည့်ကျော်ကို စကားလိမ်ဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။

မင်းလောက်က ငါ့ တဘော်ကျဲ့ နဲ့တင်ပြီးတယ်။
7 years ago
{{slangs[683].share_count}}

ပုလင်းဖင်

မျက်စိ အလွန်မှုန်ပြီး မျက်မှန် အထူကြီး တပ်ရသူများကို ခေါ်သည့် အသုံးအနှုန်းဖြစ်သည်။

ဟိုကောင် မီးပိတ်ပြီး ဂိမ်းခိုး ကစားပြန်ပြီ။ ကြာရင် ပုလင်းဖင် ဖြစ်တော့မယ်။
7 years ago
{{slangs[535].share_count}}

ရှပ်ဘဲ

အရက်သမားများကို ခေါ်သည်။ ရှပ်ကီဘဲ ၊ ရှပ်ချသော ဘဲ၏ အတိုကောက်ဖြစ်သည်။

မင်းလုပ်မှပဲ ငါတို့လည်း ရှပ်ဘဲတွေ ဖြစ်ကုန်ပြီ
7 years ago
{{slangs[416].share_count}}

ဂျေးကပ်

အင်္ဂလိပ်စကားလုံး jail မှ ဆင်းသက်လာသည်။ ထောင်ကျသည်။ အကျဉ်းကျသည်။

မင်း မဟုတ်တာတွေပဲ လုပ်နေ၊ ဂျေးကပ်ဖို့ တဖြည်းဖြည်း နီးလာပြီ။
7 years ago
{{slangs[323].share_count}}