Define Gawdai

User Avatar

Thu Htet Aung

Total Gawdai: 13

ဘောက်ချာစုတ်/ဖြည်

ပြဿနာကို ထိပ်တိုက်ရှင်းသည်။ အကြောင်းကိစ္စတစ်ခုအား ဖြေရှင်းသည်။ စီးပွားရေးလုပ်ငန်းများတွင် အရောင်းအဝယ်ပြုလုပ်ခြင်း စာရင်းရှင်းခြင်းများတွင် အသုံးပြုကြသော ဘောက်ချာ(voucher) စာအုပ်များကိုအစွဲပြုကာ ပြောကြခြင်းဖြစ်သည်။

၁။ ဒီကောင် ငါ့ကို game ဆိုင်မှာ အချင်းချင်းဖြစ်ပြီး ပလိန်းကြီးလွှတ်ဆဲနေတယ် ... အေး ပြန်ရင်တော့ အဲ့ကိစ္စ ဘောက်ချာဖြည်မယ် ။ ၂။ အကြွေးမပေးဘဲ ဒီကောင် အရူးကွက်နင်းနေတာ ကြာပြီကွာ ... ဒီလကုန်တော့ ဒီကောင်နဲ့ ဘောက်ချာစုတ်မှ ဖြစ်တော့မယ် ။
8 years ago
{{slangs[167].share_count}}

လွတ်စကွတ်

ပုံမှန် အသိစိတ်လွတ်၍ ကြောင်တောင်တောင်ဖြစ်နေသည်။ ပလပ်ကျွတ်သည်။ လူမှန်းသူမှန်း မသိမူးသည့်အခါတွင်လည်း သုံးသည်။

၁။ တစ်ညလုံး မအိပ်ဘဲ ဂိမ်းဆော့လိုက်တာ အခုမနက်ကျ လူက လွတ်စကွတ်တွေ ဖြစ်နေတယ်... ၂။ သူငယ်ချင်း ဖြစ်ရဲ့လား.. ဒီအရက်က အရမ်းပြင်းတယ်နော် လွတ်စကွတ်တွေ ဖြစ်သွားမယ် ... သိပ်မသောက်နဲ့
8 years ago
{{slangs[166].share_count}}

ရေမြွေ

ကြောက်စရာကောင်းသော်လည်း ကိုယ့်အတွက် အန္တရာယ်မရှိသည့် အခြေအနေ ကိုဖော်ပြရာ၌ အသုံးပြုသည်။

အဲ့ဘဲကြီးက fighter ကြီးဆိုပေမယ့် သဘောကောင်းတယ်... မင်းပေါင်းတတ်တယ် ဆိုရင်တော့ ရေမြွေပဲ။
8 years ago
{{slangs[130].share_count}}

ပွဲခံ

အလွန် ပျော်ရွှင်သည်။ အလွန် မူးပြဲနေသည်။ သူများတွေထက် ပိုပျော်/ ပိုမူးသည့် အကြောင်း၊ သူများတွေထက် ပိုထူးခြားသွားသည့်အကြောင်းကို ဖော်ပြရ၌ သုံးသည်။

သားကြီး... မနေ့ညက ဟိုကောင့် မွေးနေ့မှာ မင်း တော်တော်ပွဲခံသွားတယ်နော် ...
8 years ago
{{slangs[129].share_count}}

အခွေထစ်

ကိစ္စတစ်ခု ကြန့်ကြာနေသည့်အခါမျိုးတွင် သုံးစွဲကြသည် ။

လကုန်လို့ သူများရုံးတွေ အကုန်လစာရနေကြပြီ ... ကိုယ်တွေ ရုံးပဲ အခွေထစ်နေတယ်
8 years ago
{{slangs[128].share_count}}