Total Gawdai: 0
ဒူသူ၊ ထုံထိုင်းသည့်လူ။ အသည့်သူ။ သဘောပေါက်မလွယ်သူ။
ဒီကောင် ဉာဏ်ပေတုံးကွာ။ ငါဆယ်ခါမက ရှင်းပြပြီးပြီ။
ကားသမားများက ဆိုင်ကယ်ကို ခေါ်သော ဘန်းစကား။ တိုက်တာနှင့် ရှော(သေ) လွယ်တတ်သည်ကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။
လျှော့ထားဆရာ။ ရှေ့မှာတိုက်ရှောတွေ ရှိတယ်။
နှလုံသား ကို မပီမသခေါ်ဆိုသည့်အသံ။ အီစီကလီလုပ်ရင်းပြောသည့်အသံ။ (ကျော်ညိုသွေးကိုယ်တိုင်ဖန်တီးအသစ်ထွင်သည်။)
ကွီး ရဲ့ နှုန်းထားထဲမှာ ခေးတစ်ယောက်တည်းရှိတာပါ။
အင်မတန် အလွန်အမင်း လွမ်းသည် ဆွေးသည်
မင်း ကြည့်လိုက်ရင် အဲဗား "အလွမ်း စက်စက်ယို" နေတာပဲ
ယောက်ျားလေးများနှင့်တွေ့ရင် မျက်နှာချိုသောသူ။
အဲ့ဒီတစ်ယောက်ကတော့ ယောက်ချိုပဲ။ ငါတို့ကိုတွေ့ရင်တော့ သရဲသဘက်တွေ့သလို။