Define Gawdai

မြွေကိုက်

ဒုက္ခရောက်ချိန် အကျပ်အတည်းဖြစ်ချိန်တွင်သုံးသည်

ငါတော့ ဒီနေ့မြွေကိုက်ပြီဟေ့ ပြသနာကတစ်ခုပြီးတစ်ခုပဲ
7 years ago
{{slangs[465].share_count}}

မလိုင်

လူချမ်းသာ၊ သုံးနိုင်ဖြုန်းနိုင်သော ရေပေါ်ဆီလူတန်းစား။

သားကြီးတို့က မလိုင်တွေပါကွာ၊ သောက်တာတောင် ဘားမှာပဲသောက်တာ။
7 years ago
{{slangs[520].share_count}}

လှုံသည်

သူတပါး ပစ္စည်း၊ အစားအသောက်များကို အချောင် ကပ်မြှောင်သုံးစွဲ စားသောက်သည်။

သားကြီး မင်းကတော့ ငါ့ဆီက လှုံဖို့လောက်ပဲ ချောင်းနေတယ်ကွာ
8 years ago
{{slangs[269].share_count}}

အော်တီတူး

အူကြောင်ကြားနိုင်သောသူ

အဲ့ကောင်အော်တီတူးပါကွာ
7 years ago
{{slangs[530].share_count}}

အိယောင်ဝါး

အလုပ်တစ်ခုကို ပြီးမြောက်အောင်မလုပ်ပဲ ဟိုဟာလုပ်မလို ဒီဟာလုပ်မလိုဖြင့် ဟိုယောင်ဒီယောင် လုပ်နေသောသူ။

မင်းကွာ ဒါလေးခိုင်းတာကို အိယောင်ဝါးလုပ်နေတယ်။
8 years ago
{{slangs[277].share_count}}

ပါဝါရိမ်းဂျား

အန္တရယ်ကို မမြင် ထည့်မတွက်ဘဲ နဲ့ဇွတ်လုပ်တဲ့လူ မိုက်ရူးရဲဆန်သောသူ

အဲ့ကောင်ပေါ့ ဟိုဘက်ရက်ကွက်ထဲ ထိသွားပြီး ပါဝါရိမ်းဂျားသွားလုပ်တာ ဝိုင်းကျွေးလိုက်ကြတာ မသာ မပေါ်တာတောင်ကံကောင်း
8 years ago
{{slangs[279].share_count}}

အောလီဆန်

အဆင့်အတန်းနိမ့်ကျသော၊ ဗရုတ်ကျသောသူကို ဆိုလိုသည်

"အဲ့ကောင်က အောလီဆန်လိုက်တာ"
7 years ago
{{slangs[540].share_count}}

ဘေးတီး

ဘေးကနေ မြှောက်ပင့်သည်။ သွေးထိုးသည်။

အဲကောင်ကို နည်းနည်းပါးပါး ဘေးတီးပေးလိုက်။ သူတို့ခြင်း ချပစေ :3
8 years ago
{{slangs[100].share_count}}

ဘာလား

ဘာလဲကို လဲ အစား လား သုံး၍ပြောခြင်း

မင်းစော်ကဘာလား? မင်းဖုန်းကြီးကဘာကြီးလား?
7 years ago
{{slangs[364].share_count}}

Fine

အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်နှင့်အတူတူဖြစ်ပြီး ၀တ်စားဆင်ယင်မှု အရင်ကနှင့်မတူညီပဲ ထူးခြားနေမှုအပေါ် ချီးမွန်းချင်သည့်အခါတွင် သုံးသည်။

သားကြီး မင်းဒီနေ့ Fine တယ်ကွာ
7 years ago
{{slangs[367].share_count}}

Happenings


Williesquib
is in the house.
1 hour ago
TerenceNaK
is in the house.
8 hours ago
WalterThync
is in the house.
8 hours ago
Robbuh
is in the house.
11 hours ago
MeganTot
is in the house.
18 hours ago
Donnafup
is in the house.
23 hours ago
Humanaber
is in the house.
1 week ago

View All