အတု။ အာဘုတ် သို့မဟုတ် အာဗုတ် ဟု အသံထြက်သည်။ အနီးစပ္ဆုံး အာပုတ်ရည်၊ အာပုတ္နံ့ျဖစ္နိုင်သည်ဟုယူဆသျဖင့် အာပုတ်ဟု စာလုံးပေါင်းထားသည်။
- ဟေ့ရောင် ဟိုဘဲလေး ဂေရာင်းထိပ်ကြီး ကော့ပျံတက်နေပါ့လား။ ဘာကြီးလဲဟ။ - ဟာ မင်းကလဲ မေမြို့အာပုတ်ကြီးမြင်ရဲ့သားနဲ့။ ထိပ်ကော့ကြီးလဲရှိုးလိုက်ဦး၊ ဒူးပြန်ထိုးတာ့မယ်။
စကားလုံး၏ဇစ်မြစ်အား အတိအကျစုံစမ်းမရသေးသော်လည်း ထိုစကားလုံးအား တစ်ခုခုဆို မီးမွှေး ပြဿနာရှာတတ်သည့်ငနဲများ၊ အုန်းသီးများအားခေါ်ဆိုရာတွင်သုံးနှုံးသည်။
ဘဲကြီးက သောက်တလွဲစားဘူးသီး။ ၂၄နာရီပလပ်ကျွတ်နေတာ။ လျှော်သာပေးထားလိုက်။
Awesome အစားသုံးနှုန်းသည်။ ကျီစယ်ချင်သည့်အခါ ရွဲ့ချင်သည့်အခါများတွင်သုံးသည်။
အဲ့ဘဲကြီးက သြဇင်းဘူးဟ။
အူကြောင်ကြောင်၊ အူကြောင်ကြား၊ ငကြောင်
၁။ ရုပ်ကိုက ကြောင်ဆီဗူးရုပ်နဲ့ ၂။ အဲ့ကြောင်ဆီဗူးကွာ၊ လာစားနေတယ်။
စကားလုံး
၁။ လေပါတယ်ကွာ။ ဘေးနားလာပြီး တော်ကီတွေစောက်ရမ်းလာပွားနေတယ်။ ၂။ အဲ့ဘဲကြီးက စော်ကြည်တာလဲမပြောနဲ့။ စောက်ရမ်းတော်ကီကြွယ်တဲ့ ဘဲကြီး။
ကားဝပ်ရှော့သမားတွေဆီမှလာသည်ဟု ယူဆရသည်။ အရက်သောက် မူးရူးပြီး ပေါက်ကရပြောဆိုလုပ်ဆောင်နေသည်တွင်ဖြစ်စေ၊ ဆေးချပြီးဖြစ်စေ၊ အလွတ်သဘော ဂေါက်နေစဉ်တွင်ဖြစ်စေ သုံးသည်။
မင်းကလဲ အဲ့ဘဲပြောတာတွေ သွားနားထောင်နေတယ်။ ဟိုက ပလပ်ကျွတ်နေတာကို။
ထမင်းစားဖို့အခွင့်အလမ်းပျောက်နေသည့်အခါတွင် သုံးသည်။ ရံဖန်ရံခါတွင် ပုန်းပျောက်သည်ဟုလည်းသုံးကြသည်။ ထောင်ထဲတွင် ပုံးဖြင့်ထမင်းလိုက်ထည့်ပေးရာမှ လာသောစကားဟုလည်းဆိုကြသည်။
လုပ်ကိုင်စားရတာ အဆင်မပြေပါဘူးကွာ။ ပုံးကြောင်နေတာကြာပြီ။
သိသိ မသိသိ သူများစကားဝိုင်းတွင် ဝင်ပါသည်။ သူများ Post တွင် ဝင်ရောသည်။
ဟရောင် ဘာမှသိတာလည်းမဟုတ်ဘဲနဲ့ ဝင်မငန်စမ်းနဲ့
Jealous မှ လာသည်။ မနာလိုဖြစ်သည် ဟု ဆိုလိုသည်။
ထားလိုက်ပါကွာ။ သူ့ထက် follower များလို့ အဲ့ဘဲ J ဝင်နေတာ