Define Gawdai

ဆယ်လီ/ဆီလီ

Celebrity ကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ Social Media ပေါ်တွင် လူသိများသောသူများကို ခေါ်ဆိုရာတွင် သုံးသည်။

အဲ့စော်က ဆယ်လီ ဖြစ်ပြီးကတည်းက ရေလည်တွေ ချေနေတာ
10 years ago
{{slangs[110].share_count}}

ဂွဲလန်

မြစ်ရေစီးထဲတွင် ဖောင်သမားများ ဂွဲ(သစ်ချောင်း)ကို ကြိုးတုတ်ပြီး ဖောင်နားနေခိုက် ဂွဲက ရေစီးအရှိန်ကြောင့် လန်ကျသည်။ ၀ရုန်းသုန်းကားဖြစ်သည်။

ဒီကလေး ငိုတာတော့ တအိမ်လုံးကို ဂွဲလန်နေတာပဲ
10 years ago
{{slangs[109].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
10 years ago
{{slangs[108].share_count}}

လော့ဒ်

trollerများ အချင်းချင်း မဟုတ်တဲ့နေရာမှာ ဆရာတင်သည်။ လော့ဒ် (lord) ဘွဲ့ပေးသည်။

လော့ဒ်က လော့ဒ်ပါပဲ လော့ဒ်ရယ် :3
10 years ago
{{slangs[107].share_count}}

စွမ်း

စောက်ရမ်း၏ အတိုကောက်

ဟိုစော်လေးက စွမ်းလန်းတယ်ကွာ
10 years ago
{{slangs[106].share_count}}

မမမြ

internet troller များ အများစု အသုံးပြုကြသည်။ epic ဖြစ်သော အရာများတွင် ပြောဆိုချီးမွမ်းသည်။

ဟ မင့်meme က မမမြပဲ
10 years ago
{{slangs[105].share_count}}

၈၈၃၄

ချစ်ချစ်တုံးလေး :3 ။ Facebook တွင် ကိုယ့်သူငယ်ချင်းများ၊ fansများ၊ followers များကို ခေါ်သော အခေါ်အဝေါ်။

၈၈၃၄ တို့ရေ။ :3
10 years ago
{{slangs[104].share_count}}

ပိုက်ဘော

တဦးတယောက်နဲ့ကျူးလွန်ထားသော မိန်းကလေးကို လက်ထပ်လိုက်ရသောယောကျာ်းလေးကို ပြောဆိုရမှာသုံးသည်။

ဒီကောင်တော့ ပိုက်ဘောမိသွားပြီလေ
10 years ago
{{slangs[103].share_count}}

လစ်ပြီ

တစုံတရာကို အရှုံးပေးလိုက်ရသည်

ငါတော့ လစ်ပြီကွာ စော်က ဘယ်လိုမှမဖြစ်နိုင်တော့ဘူးတဲ့
10 years ago
{{slangs[102].share_count}}

အိုဗာတင်းဖျော်

Over/အပိုတွေ ပြော၊ လုပ်နေသည်။

အိုဗာတင်းတွေ လာဖျော်မနေနဲ့။ အဲဒီလောက်လည်း မဟုတ်ပါဘူးကွာ။
10 years ago
{{slangs[101].share_count}}

Happenings


MikhailIrots
is in the house.
2 days ago
Georgecrula
is in the house.
4 days ago
KodxDogKeW
is in the house.
5 days ago
Stevenzek
is in the house.
5 days ago
Anonymous upvoted “မူစကူဒူး”
6 days ago
Masonwoova
is in the house.
1 week ago
HshegrGype
is in the house.
1 week ago

View All